2010 ♥ February ♥ 7
2010 ♥ February ♥ 7
အဲ့ဒီနေ့က
မိုးမရွာဘူး၊ နှင်းမကျဘူး
ကတိစကားတစ်ခွန်းကြောင့်
ဘ၀ရာသီဥတုလေး သာယာခဲ့တယ်။
2011 ♥ February ♥ 7
အချိန်အခါမဟုတ်
မိုးတွေရွာနေတယ်
ရွာသာရွာချလိုက်ပါမိုးရယ်
ရင်ထဲကအချစ်တွေကုန်သွားအောင်ပေါ့။
(အရင်လိုဖြူစင်တဲ့နှလုံးသားလေးဖြစ်သွားအောင်ပေါ့)
ဖြစ်နိုင်ရင်…
တစ်ခါတစ်လေ
ငါဆိုတဲ့ရပ်တည်မှုလေးပျောက်သွားချင်တယ်….။ ။
သစ်ခွဖြူအတွက်ရည်ရွယ်ပြီးရင်နဲ့ရင်းပြီးရေးဖွဲ့တာပါ။
သူငယ်ချင်းလေးပျော်ရွှင်ပါစေ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးပါတယ်………
ဖြူမင်းသိုက်…….ပျော်ရွှင်ပါစေ……….။ ။