ဘာမှန်းမသိခဲ့တာ
မင်းမရှိတဲ့ ညတွေတိုင်းလည်း
အိပ်ပျော်တတ်တဲ့ငါ့နှလုံးသားက
မင်းရှိတဲ့ ညတွေဆို ကော်ဖီထိုင်သောက်ပြီး
ကဗျာအချို့ ရဲ့ အသုံးတော်ခံတယ်
မရှိမဖြစ်ဆိုတဲ့ ပန်းတိုင်ကိုမရောက်ပေမဲ့ 
တာထွက်သွားတာ နေ၀င်တော့မယ်……
အရောင်တွေကြားမှာပျော်နေခဲ့ တဲ့ 
ပျောက်လုလုအဖြူရောင်လေးကတော့ သူ့ လက်မှာအသက်ဆက်ရှင်နေချင်လို့တဲ့ 
လမင်းကြီးကိုအသနားခံနေဆဲ………………
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းပါတယ်…ညီမလေး
အသဲတွေမကွဲစေဖို့  မျှော်လင့်ပါတယ်…
အားပေးတယ်နော်…
(မင်းရသ)