သေလူ (တာရာမင်းဝေ)
ငါဟာ မြားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် … ဘယ်ဝါးကျည်တောက်ကိုမှ
ဒူးမထောက်ခဲ့ဖူးဘူး။
ငါဟာ ဓားတစ်လက်ဖြစ်ခဲ့ဖူးတယ်
ဒါပေမယ့် … ဘယ်ဓားအိမ်ထဲမှာမှ
အိပ်မက်မက် မနေခဲ့ဖူးဘူး။
နောက်တော့…
ငါဟာ အက္ခရာတစ်လုံးဖြစ်သွားတယ်။
ငါ့ကိုယ်ငါ ပြန်ဖတ်လို့မရတော့ဘူး။
အဲဒီလိုနဲ့
ငါဟာ အရက်တစ်ပုလင်းဖြစ်သွားတယ်
ငါ့ကိုဘယ်သူက ဝင်ပလုတ်ကျင်းမလဲဆိုတာကို
စောင့်နေတယ်။
တာရာမင်းဝေ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကျောင်းဖွင့်ချိန် ဆိုတဲ့ကဗျာဖတ်ချင်တယ်
အဆင်ပြေရင်[email protected]ကိုပို့ ပေးပါလား