ဖြူစင်မှုတွေမည်းသွားတဲ့အခါ
(၁)မိုးတွေရွာနေတဲ့နေ့ ခင်းတခုမှာပေါ့
ဟိုးခေါင်မိုးအမြင့်ကြီးကနေအဝေးကိုလှမ်းကြည့် မိတယ် ။
ဘာတွေ တွေ့ လဲလို့ တော့ လာမေးရင်ပြန်မဖြေတက်ဘူး ။
လှပတဲ့ရူခင်းတွေပဲလို့ ဖြေရမှာပဲ ။ ဝေဝါးနေတဲ့မိုးရေစက်တွေထဲမှာ
မင်းက အဲ့လိုမြင်လားလို့  လာမေးရင်လဲပြန်မဖြေတက်ပါဘူး ။
ဘယ်အရာမဆို လှပတယ်လို့ ခံစားပြီးကြည့် ရင်
ကိုယ့်စိတ်ထဲမှာသက်သာရာရမှာပါလို့ တခွန်းပဲဖြေမိခဲ့တယ် ။
(၂)မှောင်မဲနေတဲ့အခန်းတွေမှာနေရတဲ့သူတယောက်ရှိခဲ့ဖူးတယ် ။
သူက အပြင်လောကဆိုတာသူအတွက်ခက်ခဲလွန်းပါတယ်တဲ့ ။
ကြမ်းတမ်းမှုတွေ၊ရိုင်းစိုင်းမှုတွေ၊လူ လူချင်းကောက်ကျစ်မှုတွေပဲ သူအပြင်မှာရှိခဲ့တုန်းက တွေ့ ခဲ့ရပါတယ်တဲ့ ။
သူ ရှာဖွေခဲ့တယ် ။ ငြိမ်းချမ်းဖြူစင်တဲ့အပြုံးတွေကို ။ တနေ့ တွေ့ ရတယ်တဲ့ ။ ရှားပါးတဲ့အဲ့အပြုံးကို လူတွေခဲနဲ့ ထုနေတာကို ။
အဲ့မှာသူ မှောင်မဲနေတဲ့အခန်းတွေထဲမှာတသက်လုံးနေသွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ် ။
လူမိုက်ကြီးဘဝနဲ့ ပေါ့ ။
(၃)ရိုးသားပါတယ်ဆိုတဲ့လူတွေလောက်မရိုးသားချင်နေပါစေ…
သနားညှာတာပါတယ်ဆိုတဲ့လူတွေလောက်မကြင်နာချင်နေပါစေ…
ငါ့ဘဝမှာမင်းက အရေးကြီးဆုံးပါဆိုတဲ့လူတွေပြောသလောက်အရေးမကြီးချင်နေပါစေ…
အေးအေးချမ်းချမ်းတောရွာလေးမှာမင်းရဲ့ ငြိမ်းချမ်းဖြူစင်တဲ့အပြုံးလေးတွေက
လေထဲကပန်းရနံ့ လေးတွေလို မွှေးမြနေပါစေ…။
(၄)မိုးရွာလို့ ဗွက်ထနေတဲ့ ရွာလမ်းမကြီးဘေးကဘုံဆိုင်မှာ
အဲ့လူမိုက်ကြီးက အပ်ကြောင်းထပ်ရေရွတ်နေပါသတဲ့ ။
_____________________________________________X____________________________________