သေချာအောင်မျှော်လင့်ချက်မဲ့တယ်
မနက်မိုးလင်းချိန်မှာ မရှိတော့တဲ့ ညတုန်းက ငါ့သက်ပြင်းအကြွင်းအကျန်က ပြောတယ်
ဘယ်အဆောက်အဦးမဆို တည်ဆောက်ပြီးရင်တော့ ငြမ်းဆိုတာဖျက်ပစ်ကြတာပဲ သူငယ်ချင်းလို့ ။
လမ်းတဝက်ရောက်တော့မှ ခရီးစဉ်အဆုံးထိဆက်မလျှောက်ဖြစ်တော့မှန်း သေချာအောင်မျှော်လင့်ချက်မဲ့တယ်။
ညဘက်တွေ အိပ်ပျော်ဖို့ ကြိုးစားကြည့်မယ် အတွေးနဲ့ ပျော်နေခါမှ ဆောင်းညနတ်ဆိုးကလာနှောင့်ယှက်တယ်။
တောင်စဉ်ရေမရအတွေးတွေနဲ့  ဘာအကြောင်းတွေစဉ်းစားရင် အပြစ်မရှိနိုင်မလဲ..
စိတ်ကူးတခုက နောက်တခုကိုလှမ်းပြောတယ် နေရောင်မရတဲ့ လောင်းရိပ်ထဲက သစ်ပင်လိုမကြီးထွားချင်ပါနဲ့ တဲ့။
ဒီလိုနဲ့  ….အချိန်တွေ တဖြည်းဖြည်းမီးစာကုန်ခမ်းသွားတဲ့အခါမှာပေါ့….
နေဝင်သွားပြီလို့  ညတွေက ဥသြဆွဲတယ်။ တနေကွယ် တမိုးချုပ်ရင် တဆောင်းရောက်မှန်းသိသာအောင် ချမ်းတယ်။
လေးတိုင်စင်အိမ်အောက်က ထင်းတုံးတွေ တဂျွတ်ဂျွတ်နဲ့ မီးလှုံနေပုံများ နှင်းမှုန်လေးတွေတောင် သိမ်ငယ်ရှာတယ်။
ဟိုသည်သွားလည်နေတဲ့ ငါ့စိတ်ကူးတွေ မှောင်ရီသန်းတော့ အတောင်ညောင်းနေရှာရောပေါ့။