မှုန်ဝါးတဲ့ အတွေးး
အသက် ၂၄ နှစ် ။
ခိုင်မာတဲ့အယူအဆ အတွေးအခေါ်တွေ
ဘဝအတွက် ပြင်းပြတဲ့ ယုံကြည်ချက်တွေ စိတ်ကူးတွေ
တခုခုတော့မရှိခဲ့တာ ကိုးလို့ ကန့် လန့် အရွယ်မို့ လို့ လား ?
ပေပေတေတေ လေလွင့်တာလဲမဟုတ်
ဆိုးဆိုးဝါးဝါး ပျက်စီးတာလဲမဟုတ်ပဲနဲ့  အဖက်ဆယ်လို့ မရအောင် ပြာလောင်ခက်တဲ့စိတ်တခု ..
ထိန်းမရတာ ..တစုံတခုကြောင့်ဆို ဘဝကို ပြင်ဆင်ချိန်သတ်မှတ်ဖို့ သင့်နေပြီထင်တယ် ။
ငါတို့ စိတ်ထဲမှာ ဘာမှန်းမသိတဲ့ နိုင်ငံရေးတွေ အသာထား ။
လိုက်မမီတဲ့ ခေတ်မှီပညာရေးတွေလဲ ဘေးမှာချထား ။ အပြုံးတပွင့်အတွက် အချိန်ကိုအသုံးပြုခွင့်မပေးနိုင် ။
ဆိုးဝါးတဲ့အစားအစာတွေကို အမှီပြုပြီး ခပ်ယဲ့ယဲ့ရှင်သန်ရတာ .. ဘာကိုမှစိတ်ခံစားချက်မရှိဘူးလို့ တော့ .. မဟုတ်ဘူးပေါ့ ။
မနက်ဖြန် အသက်ရှူဖို့  ဒီနေ့ .. ငါ့ အတ္တကို ချနင်း ။ စာရိတ္တကို ခြံခတ် ။ အကျင့်သိက္ခာကို အမှောင်ချပြီး ..
ဆာလောင်မှုမှန်သမျှ တောက်လောင်တာ .. တွယ်တာမှုနည်းပြီးအကြင်နာကင်းမဲ့တယ်တော့ .. မဟုတ်ဘူးပေါ့ ။
ရှုပ်ထွေးတဲ့ လောကကြီးမှာ အပူအပင်ကင်းစင်တဲ့ဘဝတခုကို လိုက်ရှာရတာ
ရင့်ကျက်တည်ငြိမ်တဲ့ သွေးအေးအသက်မဲ့တဲ့ အလုပ်သဘောဆောင်တဲ့ အပြုံးတုတွေပဲ ရှင်သန်လာခဲ့တယ် ။
အယောင်ဆောင် လူစိမ်းတွေကြား ၊ နွေးထွေးမှုမရှိတဲ့ စကားသံတွေကြား ၊ ဖေးမမှုမရှိတဲ့ အေးစက်စက်လက်တွေကြား ၊
အံကြိတ် မျက်လုံးစုံမှိတ် ထင်ရာစိုင်းရတာ .. အကြောင်းပြစရာ သက်သေတခုကောင်းကောင်းရှိလို့ တော့ .. မဟုတ်ဘူးပေါ့ ။
အပြုံးတွေကြားမှာ ရက်စက်တဲ့ မိုးတွေ မုန်တိုင်းထန်ခဲ့တာ လူလိမ္မာမဖြစ်ချင်လို့ တော့ .. မဟုတ်ဘူးပေါ့ ။