မမေးပါနဲ့လား
“နင် ငါ့ကို တကယ်ချစ်ရဲ့လား” လို့ မမေးပါနဲ့လား
တနှာကိုသာ ငါ တပ်မက်မယ်ဆိုရင်လေ
ယောကျာ်းတစ်ယောက်အတွက် နှစ်သောင်း သုံးသောင်းလောက်ရှိတယ်ဆိုရင်ပဲ
တနှာအတွက် စမ်းသပ်လို့ရနေပါပြီ
ရည်းစားထားရတယ်ဆိုတာ အလုပ်တောင်ရှုပ်ပါသေးတယ်
ဟိုသွားလဲ လိုက်ပို့ရ ဒီသွားလဲ လိုက်ပို့ရ
ရုပ်ရှင်လိုက်ကြည့်ပေးရလိုက် ကျောင်းဆင်းရင်လဲ စောင့်ရနဲ့
စိတ်ကောက်ရင်လဲ ချော့ရသေး . . .
အချိန်တွေလဲ အများကြီးပေးရသေးတယ်
သူငယ်ချင်းတွေကိုလဲ အရင်လို အချိန်တွေမပေးနိုင်တော့ဘူး
“နင့်ကိုငါ တကယ်ချစ်တာပါ” လို့ ပြောဖို့လိုသေးလားဟာ . . .
နင် နားလည်သင့်ပါတယ် . . . ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သူငယ်ချင်းတွေကိုလဲ အရင်လို အချိန်တွေမပေးနိုင်တော့ဘူး
“နင့်ကိုငါ တကယ်ချစ်တာပါ” လို့ ပြောဖို့လိုသေးလားဟာ . . .
နင် နားလည်သင့်ပါတယ် . . . ။