ဆိုက်(admins)များနှင့်ကဗျာချစ်သူများအားအသိပေးခြင်း
ကဗျာဆိုတာ နူးညံ့ပါတယ်….ဒါကိုလဲ အားလုံးသိကြပါတယ်..
ကိုယ့်ခံစားချက်ကို ပီပီပြင်ပြင်နဲ့ထုတ်ဖော်ပြသနေတဲ့လူတွေ ဒီဆိုက်မှာ အများကြီးပါ..
တော်လဲတော်ကြပါတယ်…အ၇င်ကcommentatorsတို့most contributorsတို့မပေါ်ခင်က လူတွေက သူတို့ဘာသာသူတို့ ကဗျာတွေကို ခံစားချက်အစစ်အမှန်နဲ့ဖော်ထုတ်ကြတာပါ…ဥပမာ-အသဲကွဲမိုး၊တောင်ပံမဲ့လိပ်ပြာ၊ကို၇ဲမင်း(genius)၊မကေသ၇ီ၊ဘု၇င်မ မာယာ၊…………ဆိုတာ
သူတို့ကဗျာတွေကို ဖတ်လိုက်တိုင်း စိတ်ထဲမှာ စွဲနေအောင် ဖမ်းစားနိုင်စွမ်း၇ှိကြပါတယ်…မာန်တွေ မာနတွေအများကြီးလဲပါကြတယ်..
ခုနောက်ပိုင်း အဲဒါတွေ ပေါ်လာတော့ တစ်ချို့သောလူတွေက အဲဒီနေ၇ာတွေမှာ …၀င်လာချင်ကြတယ်(အ၇ည်အချင်းမ၇ှိဘဲနဲ့ပေါ့)..
အ၇င်က အဲဒီနေ၇ာတွေ တော်တဲ့သူတွေ၇ှိနေတော့ ..ဘယ်သူကမှ မကန့်ကွက်သလို ဘာမှလဲ မပြောပါဘူး..
ခု ကဗျာဆိုက်အပြင်ဘက်မှာ ကဗျာဖတ်သူတွေ၇ဲ့ စကားသံတွေကိုပြန်ကြားနေ၇ပါတယ်…တစ်ချို့သောသူတွေက..ဒီကဗျာဆိုက်မှာ.ကဗျာေ၇းကြပါတယ်…
သို့သော်…ပုံမှန်ပါပဲ…ပုံမှန်commentတွေလဲ၇ှိကြတယ်…အသဲကွဲမိုးဆိုလဲ သူ့ကဗျာက commentတွေက လူတိုင်းလက်ခံနိုင်လောက်တဲ့အနေအထားမှာ၇ှိတယ်..ကဗျာပေါ် သက်ဝင်ခံစားသူဆိုတာသိသာပါတယ်…..ဒါပေမယ့် ယခုအခါ တစ်ချို့သောကဗျာတွေကိုကျွန်တော်တို့ commentတွေများလို့ဝင်ကြည့်မိပါတယ်..
သူများပေးတဲ့ commentထက်သူပြန်ပေးတာက များနေပါတယ်…ပြီးတော့ အဲဒီ commentတွေကိုလည်း သူ့ဘာသာaccountလုပ်ပြီး ၀င်ပေးနေတယ်ဆိုတာ…ထင်၇ှားပါတယ်…ထိုသူ၏ကဗျာကိုဝင်ဖတ်ကြည့်၇င် သိနိုင်ပါတယ်…အထူးသဖြင့် သူ့ကဗျာတိုင်း၇ဲ့ commentတွေမှာ…နာမည်တွေက ထပ်နေလောက်အောင်..တစ်ပုဒ်မှ မလွတ်ပဲလိုက်ပေးထားတာကိုတွေ့၇ပါတယ်…တစ်ခါပေါ့..
၇ိပ်မိတဲ့လူက comment၀င်ပေးတော့ ပျာယာခတ်ပြီး commentပြန်ပေးတာ ကဗျာေ၇းသူ၇ဲ့နာမည်နဲ့ မဟုတ်ဘဲ သူ့ကဗျာမှာcommentပေးနေကျနာမည်တွေ ဖြစ်ကုန်တယ်…မသိတဲ့လူကတော့ မသိဘူးပေါ့..ကျွန်တော်တို့ကတော့ကဗျာဆိုက်ကadminsတွေ မဟုတ်ပေမယ့်….ကဗျာဆိုက်မှာ ပေါ်လာတဲ့ကဗျာမှန်သမျှ အကုန်ဆိုသလောက်ကို ဖတ်ပါတယ်….နောက်ပြီး ကျန်ခဲ့တဲ့ကဗျာတွေကိုလဲ ၀င်ဖတ်ဖြစ်ပါတယ်…
ကျွန်တော်တို့တွေ့၇သလောက်..ဘယ်သူကမှ ကိုယ်ကြိုက်တဲ့ကဗျာေ၇းသူ၇ဲ့ ကဗျာတိုင်းကို တင်လိုက်တဲံ့အချိန်တိုင်းမှာ ၀င်မဖတ်ဖြစ်ကြပါဘူး..အားတဲ့အချိန်….ဒီကဗျာဆိုက်ကိုဝင်လာတဲ့အချိန်တွေမှာသာ…သူတို့ကြိုက်တဲ့ ကဗျာေ၇းသူတွေ၇ဲ့ စာမျက်နှာကိုဝင်ပြီးcommentပေးကြတာပါ….ဒါပေမယ့်..ခုကျတော့ တင်လိုက်တဲ့အချိန်မှာပဲ ချက်ချင်းကို ၀င်ပေးကြတယ်…
ထူးဆန်းသည်ပေါ့….ကဗျာဆိုက်ကadminsတွေကို ပြောချင်တာကတော့..သေသေချာချာ စိစစ်ပြီးမှ နေ၇ာတစ်နေ၇ာ ပေးစေချင်ပါတယ်….အ၇ည်အချင်းမ၇ှိဘဲနဲ့ တက်လာတာကိုတော့…ကျွန်တော်တို့ အားမပေးပါဘူး
ကဗျာကို သီချင်းလုပ်ဆိုနိုင်ပါတယ်…ဒါပေမယ့်..၇ှိပြီးသားသီချင်းကို ကဗျာလုပ်တော့ ကျွန်တော်တို့က ဒီဟာကို ကဗျာလို့ ပြော၇မလား ဒါမှမဟုတ် သီချင်းပဲ ထဆို၇မလား…မပြောတတ်အောင်ပါပဲ…
အဲဒီလိုလုပ်လို့most contributorsနေ၇ာ ၇မယ်ဆို၇င်..လူတိုင်းသီချင်းကို ကဗျာလို 1ကြောင်း2ကြောင်းပြင်ပြီး တက်လာကြမှာပဲ…
အနှစ်သာ၇မ၇ှိ…meansတွေကလဲ မေ၇၇ာ မသေချာနဲ့..ဘာကိုဆိုလိုမှန်းမသိ…မသိ၇င် ဒီကဗျာဆိုက်မှာ…နာမည်ကြီးတစ်ယောက်လိုပဲ ပြောထားတဲ့ပုံစံပါ…့ကျွန်တော်တို့ စာဖတ်သူ အနေနဲ့ပြော၇၇င် အထင်ကို မကြီးတာပါ..ကျွန်တော်ကတော့ အ၇င်က စစ်မှန်တဲ့လူတွေ အမြင့်ေ၇ာက်နေလို့…မကန့်ကွက်ပါဘူး…ခုတော့ အ၇ည်အချင်းမ၇ှိတဲ့သူတွေ အမြင့်ေ၇ာက်နေလို့ ဒီစာနဲ့ အသိပေးတာပါ…ကျွန်တော်ဒီ postေ၇းတာ…မနာလိုလို့လုပ်တယ်ထင်မှာပါ(၇ည်၇ွယ်သူက)……၊မနာလို၇အောင် ကျွန်တော်က ကဗျာေ၇းသူမဟုတ်ပါဘူး….မျှဝေခံစားသူပါ…
ကျွန်တော် ၀န်ခံပါတယ်…တစ်ချို့ကဗျာတွေ ခံစားလို့ မတတ်၇င် တစ်ခြားသောသူ တစ်စုံတစ်ယောက်သောသူ၊တတ်ကျွမ်းသူတွေကို မေးစမ်းတတ်ပါတယ်….ဒါပေမယ့်……..အားလုံး တစ်ညီတစ်ညွတ်ထဲထွက်လာတဲ့ အသံက အ၇ည်အချင်း မပြည့်သူ တစ်ယောက်၇ဲ့ ကဗျာကို ဖတ်၇သလိုပါပဲတဲ့…ဒီနေ၇ာကို လိုချင်လို့ ဒီလိုလုပ်တယ်ဆိုလဲ အနုပညာဖန်တီးတဲ့လူလို့ မဆိုလိုနိုင်ပါဘူး…ကျွန်တော့် ပတ်ဝန်းကျင်က အနုပညာ အသိုင်းအ၀ိုင်း၇ှိတဲ့နယ်မြေပါ…ကျွန်တော်ကိုယ်တိုင်လဲ မတောက်တစ်ခေါက်တတ်ပါတယ်…ဝေဖန်သင့်သလောက် ဝေဖန်နိုင်ပါတယ်..
ကျွန်တော်ေ၇းတဲ့ဒီအကြောင်းကို ဆိုက် ကဖျက်ပစ်မယ်ဆိုလဲ …၇ပါတယ်….ဒါပေမယ့်…ကျွန်တော့် ၇ဲ့ အသိပေးစာကို ကဗျာဖတ်သူတွေ မြင်၇၇င် ဖတ်၇၇င် ကျွန်တော်ကျေနပ်ပါတယ်….ကျွန်တော်ေ၇းတာစစ်မှန်၇င်တော့…ကျွန်တော့ဆီမှာ သူ့လိုပဲ မေ၇မတွက်နိုင်တဲ့commentတွေေ၇ာက်လာမယ်လို့ ယုံကြည်ပါတယ်…ပြီးတော့ ဒီpostကိုေ၇းတာ ကျွန်တော် တစ်ယောက်တည်း ကျွန်တော့်စိတ်နဲ့ကျွန်တော့ သဘောနဲ့ေ၇းကြောင်း ၀န်ခံပါတယ်…မည်သူတစ်ဦးတစ်ယောက်၇ဲ့ပယောဂမပါသလို…မည်သူမှလဲ ကျွန်တော်နဲ့ ပူးပေါင်းခြင်းမ၇ှိပါ…
နောက်ပြီးအထက်ပါအကြောင်းနဲ့အလားတူ ကဗျာဆိုက်မှာ အလိမ်အညာတွေ ၇ှိနေသေးတယ်ဆိုတာကိုလဲ ပြောပါ၇စေ…ဒါပေမယ့်….ထိုသူကကဗျာေ၇းဖို့လောက်ပဲ အားသာနေပြီး အမြင့်တစ်နေ၇ာမှာေ၇ာက်
နေသူပါ….ကဗျာပေါ်မှာ စိတ်ဝင်စားသူ၊ကဗျာဆိုက်ကိုလဲဒုက္ခမပေးနိုင်ဘူးလို့ ထင်ပါတယ်..
ပြီးတော့ ဒီpostေ၇းသူသည် မိန်းကလေးဖြစ်ကြောင်း ၀န်ခံပါသည်…အကယ်ရ်ျ မကျေနပ်သူ၇ှိလျှင် ကျွန်တော်နှင့်တိုက်၇ိုက် ပတ်သက်ပြောဆိုနိုင်ပါကြောင်း။။။။။။။။။။။။။။။။။။။။။။။။။။။။။
Comment #2
ဆော၇ီးပါ ကို န၇ီထက်…မနေ့ကကိစ္စ ကိုန၇ီထက်မသိလို့ ဒီစကားပြောတာဖြစ်မှာပါ….သိတဲ့လူတွေကတော့ အဲဒီလူဆီမှာ commentတွေ ပေးထားပါတယ်…ဒါပေမယ့် ဆိုက်က ဖျက်လိုက်လို့ တစ်ချို့ တစ်ဝက်ပဲ ၇ှိပါတော့တယ်….ခင်ဗျားကဗျာဆ၇ာဆို၇င် အဲဒီလူေ၇းတဲ့ ကဗျာ ဖတ်သင့်တယ်လို့ ထင်တယ်…ဖတ်ဖူးမယ်လို့လဲထင်ပါတယ်….ပြီးတော့ ကိုယ်မဟုတ်၇င် ဘာမှ ဖြစ်စ၇ာ အကြောင်းမ၇ှိဘူးလို့လဲ ထင်ပါတယ်..ကျွန်တော့်ဘက်က မှားနေ၇င်တော့ ဆော၇ီးပေါ့..ကျွန်တော်တောင်းပန်ဖို့ဝန်မလေးပါဘူး..ကဗျာကို သီချင်းလုပ်လို့ ၇နိုင်ပါတယ်…ဒါပေမယ့် ၇ှိနေတဲ့ သီချင်းကို ကဗျာလုပ်တာကတော့ ခင်ဗျားကဗျာဆ၇ာဆို၇င် သိမှာပါ…ပြီးတော့ ခင်ဗျားက commentပေးတဲ့လူတိုင်းကို ကွန်မန်းတစ်ခုဆီပေါ့..ဥပမာ…မဖြူကျေးဇူးတင်ပါတယ်.
နောက်ကွန်မန်းတစ်ခုမှာ မနီကျေးဇူးပါ..အဲဒီလို ကွန်မန်းတိုင်းကို ပြန်ပြီး တစ်ခုချင်းစီလိုက်ပေးသလား ကွန်မန်းအများဆုံးလူဖြစ်ချင်တော့ မပြောတတ်ဘူးပေါ့..ကျွန်တော်မြင်ဖူးတာတော့ေ၇းတဲ့လူတိုင်းကွန်မန်းပေးတဲ့လူတွေကိုစုပြီင်္းကျေးဇူးတင်ကြောင်းပြောတာပဲတွေ့ဖူးတယ်….ဒီလိုမျိုးတော့ ကျွန်တော်မမြင်ဖူးဘူး…ခင်ဗျားမ၇ှငိးသေး၇င် ကျွန်တော်ကို comment ပြန်ပေးနိုင်တယ်…ကျွန်တော်လဲပြန်စောင့်မယ်လေ…

Comment #3
မနေ့က ကိစ္စကတော့ ဟုတ်တယ်…မနေ့က commentတွေ ဖတ်၇တယ်….ပြော၇မယ်ဆို…ဟုတ်လဲဟုတ်တယ်…commentတွေများလို့ ၀င်ဖတ်လိုက်၇င် သူပြန်ပေးတာက ပိုများနေတယ် ကဗျာက အဲဒီလောက်လဲ မဟုတ်သလိုပဲ…ပြီးတော့ သူပြောသလိုပဲ သိတဲ့လူက ၀င်ထောက်လိုက်တော့ ကွန်မန့်ပေးတာတွေ မှားကုန်တယ်…အ၇င်ကတော့ သိပ်မသိဘူး…မနေ့က ဒီpostေ၇းတဲ့လူဝင်ပြောမှ ပြန်ဖတ်ကြည့်လို့သိတာ….

Comment #4
သို့….
တစ်စုံတရာ … ယခုလို ဖြေရှင်းချက်ပေးတဲ့အတွက် အမြင်ရှင်းသွားပြီး… ဒီ ၀ပ်ဆိုက်ဘ် poemscorner.com က ပြီးပြည့်စုံတဲ့ ၀ပ်ဆိုက်ဘ်လည်း မဟုတ်ဘူး ။ ကျွန်တော်လည်း အဲဒီ admin တွေဆီ အီမေလ် ခဏခဏ ပို့ပြီး သတိပေး အကြံပေးပါတယ်… သူတို့ က ဘာမှ အကြောင်းပြန်ကြားခြင်း ဖြေရှင်းခြင်း မရှိခဲ့ပါဘူးး…
ဆိုလိုချင်တာက လူအကြည့်များဆုံး ခံရတဲ့ posts တွေ ဆိုရင် စာရင်းသာ သွင်းထားတာ မှန်ကန်မှုမရှိပါဘူး.။ နောက်ပြီး all time star ပြ (poem editor choice ) ဆိုရင် နောက်ပိုင်း အလုပ်မလုပ်တော့ပါဘူး။။ ကျန်တဲ့ ကဗျာတွေကိုလည်း လအလိုက်(အကောင်းဆုံးကဗျာတွေအဖြစ်) ၊ ပြန်လည် စိစစ်ရွေးချယ်ခြင်းလည်း မရှိခဲ့ပါဘူး။။။ ကျွန်တော်ကဗျာတွေဆိုရင် မလေးရှားထုတ် ဂျာနယ် ၊ မဂဇင်းတွေမှာ အပါများပေမဲ့ … သည်ဝပ်ဆိုက်ဘ်မှာ တစ်ခါမှာ ရွေးချယ်မပေးခဲ့ပါဘူး.. ဆိုချင်တာက မှန်ကန်မှု အားနည်း။. အမှန်တကယ်တော့ သည်နေရာလေးက စဉ်တင်ပေးတဲ့ နေရာဆိုလည်း ပြောဆိုနိုင်တယ်… အဲဒါ လအလိုက် အကောင်းဆုံး ကဗျာေ၇ွးချယ်မှုကို ရပ်ဆိုင်းခဲ့တယ်။ ကျွန်တော်ပို့လိုက်တဲ့ အီမေလ်တွေကိုလည်း ပြန်လည် ဖြေကြားခြင်း.။ တစ်ဦးအပေါ် တစ်ဦး လေးစားဆောင်ရွက်ခြင်းလည်း မရှိခဲ့ပါဘူး။။။ နောက်ဆို သည် ၀ပ်ဆိုက်ဘ်က အားနည်းကောင်းအားနည်းလာပါလိမ့်မယ်။ ကျွန်တော်က စာဖတ်သူတွေ ၊ ကိုယ်ရဲ့ ပရိသတ်တွေ ရဲ့ အစစ်အမှန် အားပေးမှု။ ဝေဖန်မှုကိုပဲ လက်ခံချင်ပါတယ်။ ကျော်ကြားမှုကို မတပ်မက်ချင်ဘူး။ တန်ဘိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင်ပဲ ကြိုးစားချင်တယ်။ ဒါကြောင့် သည်ဝပ်ဆိုက်ဘ် ၊ သည်က admin တွေရော တန်ဘိုးရှိစေချင်တယ်။ အလုပ်ကို သေချာချာ လုပ်စေချင်တယ်။
နရီထက်

Comment #5
ကျေးဇူးတင်ပါတယ် ကိုန၇ီထက်…ကျွန်တော်က မဆိုင်တဲ့လူနဲ့ ပြသနာမဖြစ်ချငိပါဘူး..မနေ့ကကိစ္စမှာ…ကျွန်တော်ဝင်ပြောပြီးတဲ့နောက်ပိုင်းးကျွန်တော်နောက်ကနေ..ကဗျာေ၇းသူနဲ့ဖတ်သူအချို့ ၀င်ပြီးcommentပေးကြပါတယ်….ကျွန်တော်နဲ့1ဖွဲ့တည်းလို့ထင်မှာစိုးလို့..ကျွန်တော်ဒီနေ့ဒီpostကိုတင်၇တာပါ…
ကိုန၇ီထက်ပြောသလိုပဲ…ကျွန်တော်က ဒီဆိုက်ကို အသိပေးတာပါ…

Comment #6
ဒါနဲ့ ကျွန်တော်၇ည်၇ွယ်တဲ့သူက ခင်ဗျားနာမည်ကို အနည်းငယ် အသုံးပြုပြီး အက်ဒ်မင်တွေကိုတောင်းပန်ထားပါတယ်…ဒီလောက်ဆို ခင်ဗျားသိသင့်နေပြီလို့ ထင်ပါတယ်…

Comment #7
သိသွားပါပြီး။ တစ်စုံတစ်ရာ…

Comment #8
ကိုန၇ီထက်…ခင်ဗျား၇ဲ့ အကောင့်ဖြစ်ဖြစ် ခင်ဗျားနဲ့ ဆက်သွယ်နိုင်မယ့် လိပ်စာတစ်ခု ပေးစေချင်ပါတယ်….ပေးနိုင်မယ်ဆို၇င်ပေါ့….
ကျွန်တော်…ခင်ဗျားအကုအညီ လိုလို့ပါ..
အနုပညာသမားချင်းကူညီနိုင်မယ်ထင်ပါတယ်

Comment #10
အင်းးးးဒါမျိုးက စဉ်းစားစ၇ာပဲ…ဒီလိုမျိုးလုပ်တယ်ဆို၇င် ဆိုက်က အဲဒီလူကို နေ၇ာမပေးသင့်ဘူး
ဆိုက်က ဘာကြောင့် သေသေချာချာ မစိစစိတာလဲ …..

Comment #11
ကိုန၇ီထက် ကျွန်တော် invite လုပ်ထားတ.ယ်….ကျွန်တော် မိန်းကလေးဆိုတာ ခင်ဗျားသိမယ်ထင်တယ်

Comment #12
တကယ်တမ်းတော့ comments ပေးတဲ့အခါ gtalk အကောင့်တော့ထည့်ပေးထားသင့်တယ်လို့ထင်ပါတယ်။
ဒီ comments နေရာမှာပြန်ရေးကျလို့ ဒီလိုတွေဖြစ်နေကျတာပါ။ပြီးတော့တစုံတရာရယ် ငါမင်းကိုအရမ်းချစ်ပါတယ်ကွာ။……………………..

Comment #15
ကိုမိုးကြိုးေ၇….ခင်ဗျားcommentက လူမှားပေးနေပြီထင်တယ်….ဆင်ဆင်ခြင်ခြင်လုပ်ပါဗျာ…..ဒါကဗျာဆိုက်ဗျ…

Comment #16
ဟာ…goodတယ်ဗျာ…
ကိုမိုးကြိုးလုပ်ထားဗျို့………..

Comment #18
ဟဲ့……၇ဲမင်း ၇ှင်က သူများတွေ ပြသနာတက်နေတာကို ဘာလို့ မြောက်ထိုးပင့်ကော်လုပ်နေ၇တာလဲ…ပြန်လာခဲ့စမ်း..ဒီကောင်လေး..နာဦးမယ်….အကျင့်ကိုက မပျောက်ဘူး

Comment #19
အားလုံးကိုတခုပြောချင်ပါတယ်…အဲ့လိုတွေပြောနေမဲ့အစား…. အစာအာဟာရဖြစ်တဲ့ရသတခုခုကိုချန်ပေးကြပါလား… အချိန်တွေကုန်ပါတယ်..
တကယ်တော့ဒီကော်နာလေးဟာအင်မတန်မှချစ်စရာကောင်းတဲ့နေရာလေးပါ…
ဆက်ပီးထိန်းသိမ်းရအောင်နော်………….

Comment #20
ဆက်ထိန်းလို့လဲ ဒီလိုစကားတွေ ပြောနေတာပေါ့..ဒါကို အေ၇မ၇ အဖတ်လို့ထင်၇င် မင်းမှာ ဦးနှောက်မ၇ှိလို့ ဖြစ်မယ်…သူများတွေ ဘာပြောလဲ…ခင်ဗျားဖတ်ကြည့်လေ..အေ၇မ၇အဖတ်မ၇လားလို့

Comment #21
ညီမလေး…. အစ်မကအားလုံးတွက်ပြောတာပါ…. အစ်မကအရေမရမရအဖတ်မရဆိုတာမသုံးနှုံးထားပါဘူး…ညီမလေးနဲ့အစ်မလဲရန်သူမဟုတ်ပါဘူး…ရေးလိုက်တာကလဲအားလုံးကိုကောင်းစေချင်လို့ပြောလိုက်တာပါ.. အစ်မမှားတယ်ဆိုရင်ဆောရီးပါ

Comment #23
ရဲမင်း သောက်ပေါကောင် လည်တော့လည်တယ် တစ်ပတ်မပြည့်ဘူးဆိုတာနင့်ကိုပြောတာဟဲ့ သိလား ငပေါရဲ့

Comment #1
သို့ …. တစ်စုံတစ်ရာ
ဝေဖန်လိုစိတ်များနေတဲ့အတွက် ခင်ဗျားရဲ့ စာသားအရေးပိုင်းမှာ အတ္တတစ်ချို့ပါနေသည်။ မည့်သူကို ဆိုလိုချင်တာလဲ… ကျွန်ုပ်က မလေးရှားမှ စာရေးဆရာ ကဗျာဆရာ နရီထက်ပါ… most contributor မှာ စာရင်းဝင်တာ comments အများဆုံး ပေးခံရတာကို ဂရုမစိုက်ပါ…. မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရင်း ကိုယ့်တတ်သမျှ သိသမျှကို စာဖတ်ပရိသတ်အား မျှဝေပေးခြင်းဖြစ်ပါသည်။ ခင်ဗျားက မည်သူကို ပုတ်ခတ်ပြောချင်သလဲ… အဲဒီ လူရဲ့ အမည်ကို အပြည့်ရေးပါ…. ခင်ဗျား အမည် အပြည့်အစုံ၊ အီမေလ်လိပ်စာ ပါ ရေးပါ…. ကျွန်ုပ်မှာလဲ ကိုယ်ပိုင် ဘလော့ ရှိပါသည်။ ၀င်ရောက် အကဲခတ်နိုင်သည်။ http://www.nayihtet.blogspot.comရှေ့မလွတ်နောက်မလွတ်နှင့်
အများသူငါကို စော်ကားနေသည့်ပုံစံ ထည့်မရေးသင့်ပါ။ ခင်ဗျားရဲ့ ဖြေရှင်းချက် စောင့်နေမည်။
ကလောင်ရှင်
နရီထက်