Knockin’ On Heaven’s Door
မတွေ့ တာကြာပြီမို့  တွေ့ ချင်တယ်ထင်မလား ..
အလွမ်းတေးသီချင်းနားထောင်ပြီး .. ခံစားချက်မဲ့နေမယ်ထင်ခဲ့မလား ..
အရာရာအားလုံး အမှောင်ချ .. စိတ်ကိုအရောင်ပြောင်းခဲ့တဲ့လူတယောက် လမ်းပျောက်သွားခဲ့မယ် .. ။
တနေ့ သောအခါကပေါ့ကွာ .. အဲ့လိုစကားမျိုးနဲ့ ချည်နှောင် ..
အတိတ်ကဇာတ်လမ်း အစဖော်ပြီးလွမ်းခန်းတွေဖွင့်ရလောက်အောင် .. အရူးဆန်ခဲ့မယ် ။
တုံးအအနဲ့ ရုန်းရခက်ချင်သယောင်ဆောင်ပြီး .. နစ်မွန်းခံနှလုံးသား လုံးလုံးပါးးးတဲ့အထိ ..
ဒီနာကျင်ခြင်းတစပြင်မှာ အပြောင်းအလဲမရှိတည်ငြိမ်ခဲ့မယ်ဆိုရင် ။
အိမ်မက်တခုကိုအဖော်ပြု စိတ်ကူးယဉ်ဆွဲထားတဲ့ ..
ငွေမှင်ရောင်တိမ်တဆုပ် ဟိုးဝေးဝေးမှာ .. လေနှင်ရာလွင့်ခဲ့တဲ့အခါ ..
မင်းများလွမ်းနေမလား .. စိတ်ကူးယဉ်အပြစ်တွေအဖြစ် ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service