ရင်ထဲရှိတာ .. ( FOR ZMMC )
ချစ်သူ …
မင်းစိတ်ကောက်တဲ့အချိန် ဒီလိုအချိန်တိုင်း
ငါလေ … တစ်ယောက်တည်း
မင်းမမြင်နှိုင်တဲ့နေရာမှာ ငါ ရှုးလောက်အောင်
ခံစားနေရတယ်ဆိုတာ ငါချစ်တဲ့ မင်းတစ်ယောက် သိပါစေ ။
ချစ်သူ …
မင်းပြုံးတာကိုမြင်ရတဲ့အချိန် ဒီလိုအချိန်တိုင်း
ငါလေ … တစ်ယောက်တည်း
မင်းမသိနှိုင်တဲ့ ငါ့စိတ်ထဲမှာ နှိုင်ယှဉ်စရာမရှိလောက်အောင်
ပျှော်ရွှင်နေရတယ်ဆိုတာ ငါချစ်တဲ့ မင်းတစ်ယောက် သိပါစေ ။
ချစ်သူ …
ကကြီးလုံးကြီးတင် တစ်ချောင်းငင် “ ကို ” လို့
ခေါ်လိုက်တဲ့အချိန် ဒီလိုအချိန်တိုင်း
ငါလေ … တစ်ယောက်တည်း
မင်းမမြင်နှိုင်တဲ့ ငါ့ရင်ထဲမှာ ပြောပြလို့မရအောင်
ဘယ်လောက်ထိ ကြည်နှုးနေတယ်ဆိုတာ ငါချစ်တဲ့ မင်းတစ်ယောက် သိပါစေ ။
ချစ်သူ …
“ ကို့ကို အရမ်းချစ်တယ် ” ဆိုတဲ့ စကားသံလေး
ကြားလိုက်ရတဲ့အချိန် ဒီလိုအချိန်တိုင်း
ငါလေ … တစ်ယောက်တည်း
မင်းကိုပြန်ပြောချင်တဲ့ စကားတွေ ငါ့ရဲ့နှလုံးသားထဲမှာ ပြည့်ညက်နေအောင်
ရှိနေတယ်ဆိုတာ ငါချစ်တဲ့ မင်းတစ်ယောက် သိပါစေ ။
ချစ်သူ ….
မင်းကိုမမြင်ရတဲ့အချိန် ဒီလိုအချိန်တိုင်း
ငါလေ … တစ်ယောက်တည်း
နှလုံးသားထဲမှာရှိတဲ့ ခံစားချက်တွေကိုဖော်ပြတယ် ဆိုတဲ့ မျက်ဝန်းထဲမှာ
အလွမ်းမိုးလေးတွေ သွန်းဖြိုးနေတယ်ဆိုတာ ငါချစ်တဲ့ မင်းတစ်ယောက် သိပါစေ ။
ချစ်သူ …
တစ်ခါတစ်လေ .. ငါမင်းကို တစ်အားဖတ်ထားလိုက်ချင်တယ် ။
တစ်ခါတစ်လေ .. ငါမင်းရဲ့ အပြုံးလေးကိုထိုင်ကြည့်နေချင်တယ် ။
တစ်ခါတစ်လေ .. ဘာမှမပြောတက်တဲ့ကလေးတစ်ယောက်လို တိတ်တိတ်လေးနေလိုက်ချင်တယ် ။
တစ်ခါတစ်လေ .. မင်းဆီကိုအပြေးလေးပြန်လာချင်မိတယ် ။
တစ်ခါတစ်လေ .. မင်းနှုတ်ခမ်းလေးပေါ် အနမ်းမိုးလေးတွေ ရွာလိုက်ချင်တယ် ။
တစ်ခါတစ်လေ .. အရာအားလုံးမေ့ပြီးတော့ မင်းအနားမှာပဲနေချင်မိတယ် ။
တစ်ခါတစ်လေ ..
တစ်ခါတစ်လေ ..
ငါမင်းကိုချစ်တဲ့ အချစ်တွေ တစ်ဘက်စွန်းရောက်နေလားဟင် ။
ငါ .. မင်းကို .. အရမ်း .. ချစ်တယ် … ချစ်သူရယ် ။
Comment #2
Ae` Girl…. A Yam Ko Kan kg Tal …Naw……………………. Arrrrrr Kya lite Tar……………. 😀
Comment #3
လူတောင်သိအောင်ဘာလို့အော်နေတာလဲ..
အနေခက်လာပီ….:P 😛 😛
Comment #5
r kya like dar kwar
Comment #1
လူဆိုးတို့ကတော့ကွာ .. လွန်တယ် .. FB မှာလည်းမပြောချင်ဘူး .. 😛