ကျေးဇူးပြုပြီး….ဒီတစ်သတ်လုံး ငါ့ကို ယုံကြည်ပေးပါ….။
ချစ်သူ…..
ငါတို့နှစ်ယောက်ဘ၀ထဲ
မုန်တိုင်းဘယ်လောက်ထန်ထန်
နှင်းခဲတွေ ဘယ်လောက်ကြမ်းကြမ်း
နွေနေ ဘယ်လောက်ပူပူ
ငါက နင့်အတွက်…..အမိုးအကာ…အနွေးဓာတ်….အေးမြစေတဲ့ နေရာဖြစ်နိုင်ပါတယ်…။
နင် မငိုပါနဲ့
ရင်ခွင်နှစ်ခုဝေးနေတဲ့ဘ၀မှာ
လူချင်းမတွေ့ရတာကလွဲ
စိတ်ချင်းအမြဲပေါင်းစပ်ထားတယ်
အနေဝေးလို့ သွေးအေးခြင်းဆိုတာကို
ငါတို့ လှောင်ရယ်ကြပါစို့….။
ငါ နင့်ကို သတိရတိုင်း စာကျက်ပါတယ်
လွမ်းတဲ့အခါတိုင်း……ဂစ်တာတီးပါတယ်
နင် လက်ဆောင်အဖြစ်ပေးတဲ့ထိုအရာ
နင့်ထံသို့ လွမ်းဆွတ်ခြင်း တေးသားတွေ ဖန်တီးလို့….
ကာယကံရှင် နင့်ကိုယ်စား….
ဒီ ဂစ်တာလေးကသာ ငါ့ရင်တွင်း အလွမ်းတို့ ဖြေသာရာပါ…။
ငါ ဘယ်သွားသွား ငါတို့နှစ်ယောက်ရဲ့သင်္ကေတ
နှစ်ပတ်လည် တစ်ခုရဲ့အမှတ်တရ
ဆင်တူလက်စွပ်ကို ညာဘက်ပြောင်းဝတ်ထားတယ်
ငါက နင့်အတွက် husband တစ်ယောက်သဘောမျိုးပေါ့…။
ငါ့ကို အမြဲလွမ်းနေပေးတဲ့ နင့်အတွက်
ငါ အရာရာတိုင်း အကောင်းဆုံဖြစ်အောင် ကြိုးစားနေတယ်
နင် ၀မ်းမနည်းပါနဲ့
အချစ်စစ်တစ်ခုအတွက်
ငါတို့ ဒီလို အတိုက်အခိုက်ကျော်ဖြတ်ရတယ်လို့ ယူဆထားလိုက်ပါ…။
ငါလေ….နင့်ကို သိပ်ချစ်ပါတယ်
နင့် မျက်ဝန်းညိုညိုလေးတွေရယ်
ပါးချိုင့်ခွက်ခွက်လေးနှစ်ဖက်ရယ်
နှုတ်ခမ်းထော်ထော်လေးရယ်
ကလေးဆန်နေတတ်တဲ့ အတွေးအခေါ်လေးလေးတွေရယ်
ဝမ်းနည်းလွယ်တတ်တဲ့ ခံစားချက်လေးတွေရယ်…
ဒီကဗျာကို ဖတ်ပြီး ငိုမဲ့မဲ့ ဖြစ်နေမယ့် မျက်နှာလေးရယ်…
အရာရာကို ငါ သိပ်ချစ်တယ်
အဲလို ချစ်မိတာလည်း နင်တစ်ယောက်တည်းပဲ…။
နင်ပြောသလို ငါတို့အတိတ်ကို သတိရတိုင်း
ဒီနေရာမှာငါ…..
အချိန်တွေကုန်အောင်သာ ဆုတောင်း
အနာဂတ်အတွက် ဇယားချထားတယ်
နင် ပျော်ရွှင်စွာ နေထိုင်ပါ….
တစ်ချိန်ချိန်ရောက်ရင်
နင် ငါ့ဘေးနားမှာ အမြဲရှိနေပေး
ဒီလောက်ဆိုရင်
ငါအခု…..ကြိုးစားနေရသမျှ လုံလောက်ပြီ…။
နိုင်ငံချင်း ဘယ်လောက်အလှမ်းဝေးပါစေ
နေ့နဲ့ည အချိန်မတူလဲ
တူညီသော နှလုံးသားနှစ်ခုအတွက်
ကွက်လပ်လေးတစ်ခုတောင် လစ်ဟာမနေပါဘူး
ငါ့ကို ယုံကြည်ပါ…..
ငါ နင့်အတွက် ရှင်သန်နေတာကြောင့်
ရွက်လွင့်နေတာကြောင့်
ရုန်းကန်နေတာကြောင့်…..။
နင်က လွဲပြီး တခြားသူမဲ့တဲ့ ငါ့ကမ္ဘာမှာ
နင်သည်သာ ဘုရင်မဖြစ်မှာမို့
ကလေးလေးရယ်
ကျေးဇူးပြုပြီး….ဒီတစ်သတ်လုံး…….ငါ့ကို ယုံကြည်ပေးပါ….။
Comment #3
I agree with U ” Min “
Comment #6
me too.
so so nice.
Comment #7
if it is real,,,how nice,
if it is real,,,how perfect,
Comment #8
now i m crying,,
so touching to my heart.
Comment #10
really envious
really excelkent
Comment #11
So much like
Comment #12
myat yae tway kya lout aung ko khan sarr ya taw poem lae par,
be hna khar phat phat khan sarr hmu feeling ka a tine htet a lun pe,
Comment #1
ဆုတောင်းပေးပါတယ်အစ်ကို
ယုံကြည်လာပါစေလို့