လူဖြစ်တည်မှု ဒဿန
လူဖြစ်တည်မှု ဒဿန
ခေတ်စကားနဲ့ ပြောရင် အာရုံနောက်တယ် သိတော့ရော ဘာလုပ်မှာလဲ?? ဒီလိုနဲ့ လတော်တော်ကြာခဲ့တဲ့အချိန်မှာ ကျွန်တော် SPLICE ဆိုတဲ့ ရုပ်ရှင်ကား တစ်ကားကို ကြည့်ခဲ့တယ်.. ဇာတ်ကားကို အကျဉ်းကျုံးပြောပြပါမယ် သူငယ်ချင်းတွေထဲမှာ ကြည့်ဖူးတဲ့သူလဲ ရှိမှာပါ…
ဇာတ်ကားက သိပံပညာရှင် ငယ်ရွယ်တဲ့ လင်မယားဟာ သက်ရှိအကောင် ရုပ်ပျက် ဆင်းပျက်လေးကို ဖန်တီးခဲ့ကြပါတယ်… မျိုးရိုးဗီဇတွေနဲ့ ပေါင်းစပ်ပီးပေါ့ …. ပီးတော့ သူတို့ဟာ ထပ်ဆင့် စိတ်ကူးဖြစ်လာခဲ့တာက လူတစ်ယောက်အထိ ဖြစ်နိုင်လောက်အောင် ဖန်တီးဖို့ပါ.. ဒါကြောင့် သူတို့ စုံတွဲဟာ လျှို့ဝှက်ပီး အကောင်လေးတစ်ကောင် မွေးဖွားခဲ့ပါတယ်.. စစချင်း ဘာကောင်လို့ ခေါ်ရမှန်း မသိတဲ့ အကောင်လေးတစ်ကောင်ပါဘဲ.. အဲ့အကောင်လေးက ရက်တွေကြာလာတဲ့အခါမှာ လူတစ်ယောက်နဲ့ အသွင်တူလာပါတယ်.. တစ်ခုရှိတာက သူ့မှာ အမြီးပါလာပါတယ်… သူ့မှာ စဉ်းစားတတ်တဲ့ ဥာဏ်လေးပါသလို ဖြစ်ချင်တာတွေ လိုချင်တာတွေ ခံစားချင်တာတွေ ပါလာတယ်၊ သူဟာ ချောမောတယ်လို့ ပြောလို့ရတယ့် မိန်းကလေးတစ်ယောက် ဖြစ်လာတယ် ပီးတော့ လိုအင်ဆန္ဒတွေကြောင့် ချုပ်ထိန်းမှုအောက်က လွှတ်ပီး လူသတ်တဲ့ အရိုင်းအစိုင်း တိရစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်.. ရုပ်ကလဲ တိရစ္ဆာန် ရုပ်အဖြစ်ပြောင်းလဲသွားခဲ့တယ်…
ဒါကြောင့် ကျွန်တော် နားမလည်ပါဘူးဆိုတဲ့ စာအုပ်ကို ပြန်ဖတ်တယ် ခင်ဗျာ..
———————————-
ကျွန်တော်တို့ဟာ လူသားအကြောင်းကို စဉ်းစားတဲ့အခါမှာ တစ်ကွက်စီပဲ လိုက်စဉ်းစားကြပါတယ်… လူသားအားလုံးရဲ့ စည်းလုံး ခိုင်မာမှုကို ထည့်ပြီး မစဉ်စားကြပါဘူးတဲ့ …
ဒါတော့ အကျယ်တ၀င့် ရှင်းပြစရာ မလိုလောက်ပါဘူးလို့ ထင်ပါတယ်… ကိုယ့်နီးစပ်ရာ အသိုင်းအ၀ိုင်းကို နားလည်ပေးတာထက် သူစိမ်းတစ်ယောက်ကို နားလည်ပေးတာ ဘယ်ဟာက ပိုများမလဲ??
ဒါမှ မဟုတ် လူသားအားလုံးကို နားလည်ပေးလိုက်တာလား???
ဒီလို အသိုင်းအ၀ိုင်းထဲမှာမှ ကိုယ့်နဲ့ အနီးစပ်ဆုံး နေရာလေးတစ်နေရာကို ပိုပြီး နားလည်ပေးလိုက်သလား??
ဒေးကားက ပြောတယ် ငါ စဉ်းစားတယ် ဒါကြောင့် ငါ ဖြစ်နေတာ၊ ငါ ရှိနေတာ တဲ့ သဘောကတော့ လူသားတစ်ယောက်ဟာ သူစဉ်းစားနေတဲ့နေရာ ရပ်တည်နေတဲ့ ပတ်ဝန်းကျင်မှာ တည်ရှိနေခြင်း သဘောပါဘဲ..
စက္ကန့် ပိုင်းလေးအတွင်းမှာပဲ တစ်ခြားတစ်ယောက်ရဲ့ အထီးကျန်မှုအပေါ်ကို မျှဝေခံစားပေးနိုင်ချင်မှ နိုင်ပါလိမ့်မယ်… ဆိုလိုရင်းက ဖြစ်ပြီး သွားတဲ့ အထီးကျန်ခံစားမှုဆိုတာကို နားလည်ပေးသွားနိုင်ပေမယ့် ထပ်ပီး မခံစားရတော့သလိုပေါ့…
ကျွန်တော် ပြောတာတွေ ခေါင်းစားချင် စားကြပါလိမ့်မယ်.. ဒါပေမယ့် စားနိုင်သလောက် စားပေးကြပါ…
ခေါင်းဆိုတာ စဉ်းစားဖို့ ထားတာမို့လား??
လူတိုင်းဟာ ကိုယ်ကြိုက်တာ ကိုယ်လုပ်နိုင်ပါတယ် …ဒီရှု့ထောင့်က ကြည့်ရင် ကျွန်တော် ကြိုက်လို့ ကျွန်တော်လုပ်တယ် သူတို့လဲ သူတို့ ကြိုက်တာကို သူတို့လုပ်တယ် ဒါဆို ဘာကြောင့် သူများရဲ့ လုပ်ရပ်တွေအပေါ်မှာ ဘာအကြောင်းကြောင့် ဝေဖန်ပုတ်ခတ်မှုတွေ ဖြစ်စေမှာလဲ…
———————- ဆက်ရန် ———————————
လိပ်ပြာ
19-1-2012
Comment #3
ဟုတ်တယ်ဗျာ…ဘာတွေလုပ်နေတာလဲ ဒီမှာ..ကျန်တဲ့သူတွေကို မေ့ထားတယ်…ငါ့အကို ရာ
အကိုက ပျောက်နေတာကိုးးးးးးးမမိုးက စိတ်ဆိုးပြီးပေါ့….
Comment #5
အများကြီးတော့မပြောင်းထားဘူးလေ….genius တော့ပါတယ်လေ….
Comment #1
ဟုတ်ပါတယ်..ကျွန်တော် လက်ခံနိုင်ပါတယ်
..
လိပ်ပြာက အချိန်တော်တော်ကြာ ကျွန်တော်တို့ကို ပြစ်ထားတယ်.. ခင်ညားကြီး ချိတ်ပုပ်တယ်
😛