ကျွန်မ သူ့ကို ခွင့်လွှတ်ခဲ့သင့်တယ်….။
ပူပန်စရာတွေ များစွာရှိခဲ့တဲ့ ကျွန်မရဲ့ဘေးမှာ
၃ နှစ်တာဆိုတဲ့ အချိန်တွေထိ
မားမား မတ်မတ်ရပ်တည်ပေးခဲ့တဲ့သူ့ကို
အပြစ်တို့ မမြင်ရက် ကျေးဇူးတင်တတ်စွာနဲ့
မုန်းတီးစကားတို့ မပြောအပ်ပဲ
ခွင့်လွှတ်ခဲ့သင့်တယ်….။
ကျွန်မ ရင်ကွဲစေလောက်တဲ့ ဇာတ်လမ်းတွေကို
ကိုယ်ချင်းစာစွာနဲ့ ဖုံးကွယ်ပေးခဲ့
အချိန်ကြာရှည်ယူငင်ပြီး….
သွေးအေးအေးနဲ့ တဖြည်းဖြည်းချင်း
ဖွင့်ဟ၀န်ခံ….
ဒေါသသံတို့ကို အပြုံးမပျက်ဘဲ
နှလုံးကြွေမွလွယ်မှုတစ်ခုအား….
အငြိုးအတေးတွေအသွင်ကူးပြောင်းပေးခဲ့တဲ့သူ့ကို
ခွင့်လွှတ်ခဲ့သင့်တယ်….။
အစစ အရာရာ တော်သာတဲ့
သူမရဲ့လက်ကိုတွဲ…..
ပျော်ရွှင်ရခြင်းတွေကို မြင်အောင်မပြခဲ့ဘဲ…
ရှုံးနိမ့်မှုတွေ ဗလပွနဲ့ ကျွန်မကို
သတင်းစကားတွေနဲ့သာ အကြိမ်ကြိမ် နှိပ်စက်
လူတစ်ယောက်ကို အဆုံးစွန်ထိ ချစ်မိတဲ့အခါ
ထိုကဲ့သို့ ဖြစ်တတ်ကြောင်း
ဥပမာအဖြစ်…ချန်ရစ်ပေးခဲ့တဲ့ သူ့ကို
ခွင့်လွှတ်ခဲ့သင့်တယ်….။
ရှင်သန်ရခြင်းတစ်ခုမှာ
အချစ်က အစိတ်အပိုင်းအနည်းငယ်သာ တည်ရှိတတ်ကြောင်း
ပုရိသ တချို့က
သံယောဇဉ်တွေရစ်ပတ်….အနှစ်နှစ် အလလ မြဲခဲ့သော တွဲလက်တွေထက်
တခြားသော ခံစားချက်တို့ကို ပိုသာစွာ ခုံမင်တတ်ကြောင်း….
သစ္စာဆိုတာ…အသုံးမ၀င်တတ်ကြောင်း….
လက်ခံနိုင်လောက်တဲ့ Reason တွေနဲ့
သူ့ကို သူ ဗီလိန် အဖြစ်အမည်ခံယူရင်း….
ကျွန်မနဲ့ မထိုက်တန်သူအဖြစ် လိုလာစွာ အမည်ခံယူခဲ့တဲ့ သူ့ကို
ကျွန်မ…….
ဘ၀ရဲ့ တိုးတက်မှုတွေ ပိုင်ဆိုင်လာခဲ့တိုင်း….
အနာဂတ်မှာ သောကကင်းစွာဖြင့် စဉ်းစားခွင့်တွေရတိုင်း….
မျှော်လင့်ချက်တွေဟာ….ကျွန်မအတွက်(သူမပါဝင်တဲ့အခါ)…..သီးသန့်….တောက်ပလာတိုင်း….
ခွင့်လွှတ်ခဲ့သင့်တယ်….။
ဒီအချိန်မှာ ဒီလိုကျေနပ်မှုတွေကိုသာ….ရမယ်မှန်း သိခွင့်ရခဲ့ရင်….
2011 OCT ဆိုတဲ့ အတိတ်မှာတည်းက….
ကျွန်မ သူ့ကို ခွင့်လွှတ်ခဲ့သင့်တယ်….။
အလွမ်း(ကေသရီ)
Comment #2
khan sar r pay twar par d,
koh say ta nar koh kou yaung pyan hat hmar par,
koh tit sar koh kou su hmar par,
koh myit tar kou pyan ya hmar par,
nar le lar de 1 nae kya yin thu le a yan naung ta ya nay hmar par.
wit le so tar nout ba wa ma ku par bu.
fighting,

Comment #1
ဟာ….ငါ့အမ…..ခံစားချက်တွေပေါ်လွင်ပြီး..
ကဗျာလေးက အသက်ဝင်နေတယ်ဗျ…
ခံစားအားပေးသွားပါတယ်….