လူထုထဲက စကားသံများ
ဈေးသည်-“သေနတ်တွေရောင်းတယ်နော်။ တစ်လက်မှ လေးရာတည်း။ အကြမ်းပတမ်း လဲခံတယ်။ အဝေးလည်းပြေးတဲ့ သင်္ကြန်သေနတ်တွေပါ။ အိမ်က ကျေးဇူးရှင်လေးတွေအတွက်။ နှလုံးသားရှိတဲ့မိဘတွေ ဝယ်သွားကြပါ။ ဝယ်ခိုင်းဝယ်ခိုင်း၊ မရရင်ငို။”
သူ့ စကားအရဆိုရင် မဝယ်တဲ့လူအားလုံး နှလုံးသားမရှိတဲ့သူ၊ အကြင်နာတရားခေါင်းပါးတဲ့သူတွေဖြစ်ကုန်မှာပေါ့။ ဒါနဲ့ စာရေးသူလည်း ကိုယ်ဟာ မဝယ်ပေမယ့် နှလုံးသားရှိတဲ့သူပါဆိုတာကို စကားလုံးနည်းနည်းနဲ့ ထိထိမိမိဖြစ်အောင် ဘယ်လို ပြောရမလဲ လို့ စကားလုံးကို အသည်းအသန် ရှာဖွေစဉ်းစားနေတုန်း ကလေးမိခင်တစ်ယောက်ရဲ့ လွှတ်ခနဲ ထွက်လာတဲ့အသံကို ကြားလိုက်ရတော့ ရင်ထဲနင့်ခနဲ ဖြစ်သွားရတယ်။
အဲဒီ မိခင်ရဲ့ မစဉ်းစားအားဘဲ လွှတ်ခနဲ ပြောချလိုက်တဲ့စကားကို အရင်းအတိုင်း ပြန်ရေးပြရရင်
“နှလုံးသားတော့ရှိပါရဲ့ ။ ပိုက်ဆံမရှိလို့ ပေါ့တော်”-တဲ့။
Comment #2
good

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
very nice