အလွမ်းသီ
မျက်လုံးတွေက စိတ်ဝင်စားမယ်လို့ ထင်ရတဲ့ ၀တ္ထုခေါင်းစဉ်တွေကိုရွေးချယ်ဖတ်နေမိတယ်….
ခေါင်းစဉ်တွေတစ်ခုပြီးတစ်ခုပြီးသွားတယ်….
နားကလည်း earphone ကိုမဖြုတ်တမ်းတပ်ထားပြီး သီချင်းနားထောင်နေလိုက်တယ်…
ဒီကြားထဲဗိုက်ဆာလာတယ်ထင်လို့ အာလူးကြော်တစ်ထုပ်ဖောက်ပြီးတကြွပ်ကြွပ်ဝါးနေလိုက်ပြီးပြီ…
ဆိုးတာက ရင်ထဲကတစ်ခုခုလိုနေသလိုခံစားချက်ပဲ…..
အဲဒါလွမ်းတယ်လို့ အမည်တပ်ရမလားးးးး
သူခဏတာမရှိနိုင်ဘူးဆိုတဲ့နောက် ကျွန်မရုတ်တရက်အထီးကျန်သွားတော့တာ…
သူနဲ့ ကျွန်မကြားမှာမိုင်ပေါင်းများစွာခြားနားနေခဲ့တုန်း…သူ့ အနီးကိုရောက်သွားဖို့ လည်းကြိုးစားနေရတုန်းပါပဲ…
သူနဲ့ ကျွန်မဟာ တခြားလူသားတွေနည်းတူ တစ်စုံတစ်ရာရဲ့ စေစားမှုနဲ့ အတူ
သူကကျွန်မကိုမတွေ့ ဖူးပဲ… ကျွန်မကသူ့ ကိုမမြင်ဖူးရသေးပဲ သူ့ အချစ်ကိုလက်ခံခဲ့တယ်…..
သူ့ လက်တွေရဲ့ နွေးထွေးမှုကိုထိတွေ့ ခွင့်မရပေမယ့် သူ့ ကမ်းလက်တွေကိုရဲရဲတွဲလျှောက်နင်းဖြတ်ရင်း
အချိန်ကာလ ပြက္ခဒိန်တစ်ခုအပြောင်းမှာ သူ့ ကိုပိုလည်းချစ်တတ်လာခဲ့ပြီ…..
အချိန်တိုင်း အတူရှိနေပေးတတ်တဲ့သူမရှိရင် မနေတတ်သလိုလို……
တစ်ခါတစ်ခါလည်း တွဲလက်တွေကိုဖြုတ်ပြစ်လိုက်ဖို့ အထိနာကျင်ရရဲ့ …
တစ်ခါတစ်ခါလည်း အပြုံးနှစ်ခုရဖို့ အရာပေါင်းများစွာနင်းဖြတ်ရရဲ့ ….
သေချာတယ်… screen ပေါ်ကသူ့ အပြုံးတွေကိုကျွန်မဖန်တီးပေးချင်နေတုန်းပါပဲ…
မနက်ဖြန်တွေခါးသီးနေတုန်းပါပဲ….သူနဲ့ မဆုံနိုင်သေးသရွေ့ ပေါ့။။။။။
Comment #2
wow,,
hit to the heart deeply.
Comment #1
အမြန်ဆုံးဆုံတွေ့ပါစေ အမရေ