သာမန် လျှန်ကာ အမေ့ခံ အလွမ်း
သူ့မျက်ဝန်းအစုံနဲ့  အကြည့်ကိုပဲသတိရနေမိတာ။
ကျွန်တော်ချစ်တဲ့ သူ့မျက်ဝန်းတွေနဲ့  အကြည့်ဟာ
ကျွန်တော့်အတွက် နက်နဲတဲ့ အနုပညာ
ကျွန်တော်လိုချင်တာတွေကိုပဲ အမှတ်မဲ့မဲ့ ပုံဖော်နေမိတာလား?
တယ်လီဖုန်းထဲက ဆွဲဆောင်မှုရှိ သောအသံလေးရယ်။ သူနဲတွေ့ တဲ့ အချိန်တိုင်းမှာ ကျွန်တော့်ကို သူပိုင်ခဲ့။ အဲသည်ခဏက ခုထက်ထိတိုင် ကျွန်တော့် စိတ်နှလုံးက ရည်စူးသူဟာ သူတစ်ယောက်သာလို့သိခဲ့။
အဲသလိုနေနေခဲ့ ခြင်းရဲ့  အ..ဆုံး..စွန်..သော..တစ်နေ့  ….မှာ
သူ့မျက်ဝန်းကလေးတွေနဲ့ သူ့နှုတ်ခမ်းများ သဘောထားကွဲလွဲခဲ့တော့
ကြယ်ကလေးတွေ လဲမကယ်နိင်
တံတားကလေးပေါ် ကျွန်တော်တစ်ယောက်ထဲရယ်။
ဘာပဲဖြစ်ဖြစ်
ရင်ခုန်ရတဲ့ မျက်ဝန်းကလေးတွေကို ထုတ်လို့မရဘူး
နာကျင်စေခဲ့တဲ့ နှုတ်ခမ်းကလေးကို ထုတ်လို့မရဘူး
နားလည်ရ ခက်ခဲတဲ့ သူ့ကိုပဲ တရှိုက်မက်မက်နဲ့ ပေါ့။
ဟောသည်လွယ်အိတ်အဟောင်းလေးထဲရယ် အပြည့်အသိပ်နဲ့ သယ်ပိုးထားရ တဲ့
မျှော်လင့်ချက်နံနက်ခင်းတွေ သိုးမသွားသေးဘူး
ကျွန်တော့်အိပ်မက်ကလေးတွေ သိုးမသွားသေးဘူးလို့ အားတင်းပြီးယုံ ထားရ
တစ်ဆောင်းပြီးတစ်ဆောင်းကုန်လို့ တစ်နွေပြီးတစ်နွေ သစ်တဲ့အထိ
ကျေနပ်နွမ်းနယ်စွာ…….။ ။
အဲမူး