ကြွေရဲတဲ့ ကြယ်
ကြွေရဲတဲ့ ကြယ်
ငါ့ ၀ိညာဉ် မှော်ဝင်တိမ်းမူးစေတဲ့ နီယွန်ရောင် မြလဲ့လဲ့ညကမှ
နင် ခါးဆစ်ချိုးချပစ်ခဲ့တဲ့ ရောမ မဟုတ်ရင် ဘာမှ မဟုတ်နိုင်ဘူး ဟန်နီ
ညအိပ်ရေလို အသဲခွင်းအပြုံး ပြုံးတတ်ဖို့ ဘယ်အချိန်ကတည်းက လေ့လာတတ်မြောက်ခဲ့သလဲ
ငါကလေ ဟန်နီ
ထမ်းပိုးကျိုးတဲ့ နွားတစ်ကောင်လိုပါ
နင် ရယ်ခိုင်းရင် ရယ် .. နင် ငိုခိုင်းရင် ငို … နင် ပြုံးခိုင်းတဲ့ အချိန် ပြုံး .. နင် စိတ်အလိုမကျတဲ့ အချိန် မဲ့ခိုင်းချင်တိုင်း မဲ့
ဒါပေမယ့် ငါကိုယ်တိုင်က အလိုတူအလိုပါ တရားခံရယ်ဆိုတော့
ငါ့အရှေ့ကနေ ဘယ်ရှေ့နေကမှ ၀ံ့ဝံ့ မရပ်ရဲဘူးမို့လား …
နင့် မျက်ဝန်းတောက်တောက်ကလေးတွေကို ကောင်းကင်တစ်ဖက်ခြားကို လွှတ်ချပစ်ချင်တယ် .. ဆိုးပေလေးရယ်
ငါ့ အရှုံးတွေက နင့်မျက်ဝန်းထဲ သိပ်တောက်ကြွားတတ်လို့ ..
ငါ့အချစ်တွေကို အရုပ်ပစ်တမ်းကစားသလို လက်တည့်စမ်းပြီးရင် ကွဲကြေခဲ့တဲ့ နှလုံးသားအပိုင်းအစတွေကို ရေတွက် .. အရေအတွက် များရင်များသလို အောင်ပွဲခံ …
ဒါပေမယ့်လေ ကျိန်စာတစ်ခုသာသာ ငါ့ရင်ခွင်ကို ခေါင်းခုအိပ်ပေါ့ ..
ငါဆိုတဲ့ ကောင်က
ကြယ်တစ်ပွင့်လို မှိတ်တုတ် မှိတ်တုတ် ဘ၀နှင့်ပဲ ချစ်သူ့အနား ရှိနေချင်တဲ့ အရူး
ရော့
ငါ့ နေ့တွေ ညတွေ စားသွား …
နင့်ဆုတောင်းပြည့်ဖို့ဆို လိုအပ်ရင် ကြွေပေးမယ့် ကောင်ရူးကလေးပါ ဟန်နီရယ်
Oct 17 2013 : 12 am
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}