Poemscorner နှင့် ခံစားချက်
ဒီနေ့ ဒီ website လေးကိုရှာတွေ့တာအရမ်းဝမ်းသာမိတယ်..
တချို့ရေးထားတဲ့ post လေးတွေအရမ်းဖတ်လို့လည်းကောင်းတယ်..
ဒီ blogလေးကိုဖန်တီးပေးထားတဲ့သူကိုလည်းကျေးဇူးတင်မိတယ်..
ကျွန်မ ဒီနေ့စိတ်ညစ်နေတာ..ရုတ်တရက်အစီစဉ်မရှိပဲ
“ဘ၀၏ခါးသက်သောအရသာ”ဆိုတဲ့ ကဗျာလေးကို ရင်ထဲမှာရှိတဲ့အတိုင်းရေးမိတယ်..
ပြီးတော့ အဲဒီကဗျာလေးကို တစ်နေရာမှာသိမ်းထားချင်တယ်.
ထုံးစံအတိုင်း Google ကြီးအားကိုးနဲ့ရှာလိုက်တော့ PoemsCorner ကိုတွေ့သွားရော.
ကျွန်မကဗျာတွေကိုချစ်တယ်..အရမ်းဝါသနာပါတာကြီးမပာုတ်ပေမယ့်
ကျွန်မ လူတွေရဲ့စစ်မှန်တဲ့ခံစားချက်တွေကို စာသားတွေအဖြစ်ပြောင်းလဲထားတာတွေကို
သဘောကျတယ် =)
ပြီးတော့ကျွန်မရဲ့ခံစားချက်တွေကိုနားထောင်ပေးမယ့်သူမရှိတော့ဘူးလေ..
ခံစားရတာတွေကိုစာသားတွေအဖြစ်နဲ့ဒီမှာတင်ချင်တယ်..
သူကကျွန်မကို ဒီတစ်ခါတော့တကယ်မလိုချင်တော့ဘူး..
၆နှစ်တာသံယောဇဉ်လေးကိုနှမြောမိတယ်..သူ့ကိုတော့အပြစ်မတင်ပါဘူး..
ကျွန်မကသူ့ကိုချစ်နေသေးတယ်..မဆုံနိုင်တဲ့ကျွန်မတို့ဘ၀ကြီးကဝေးသွားလည်းမထူးပါဘူး.
ကျွန်မသူ့ကိုအဝေးကြီးကနေဆက်ချစ်နေမယ်..
မေတ္တာဆိုတာအေးချမ်းပါတယ်..လမ်းခွဲသည့်တိုင်အောင် သူပျော်ရွှင်ဖို့ ဘုရားရှိခိုးတိုင်းမေတ္တာပို့ပေးနေဦးမယ်……
(M)
Comment #1
လက်တည့် စမ်း စရာတစ်ခုပေါ့