ကောင်မလေးရယ်
ကောင်မလေးရေ
မင်းကိုလွမ်းတယ်လို့ပြောရအောင်
ငါတို့ကချစ်သူတွေမှမဟုတ်တာနော်
ဒါပေမယ့် ခွင့်လွှတ်ပေးပါ
ငါ မင်းကိုအရမ်းလွမ်းနေတယ်……….
ကောင်မလေးရေ
ငါဟာမင်းရဲ့အသံမကြားရတဲ့စကားလုံးတွေနဲ့
ရူးသွပ်နေတယ်ဆိုရင်
မင်းငါ့ကိုအထင်သေးမှလား ဟင်…….
ကောင်မလေးရယ်
ငါ့အနားရှိစေချင်ပေမယ့်
မင်းကမလာခဲ့ဘူး
မင်းအနားလာခဲ့ချင်ပေမယ့်
မင်းကခွင့်မပြုခဲ့ပြန်ဘူး
ဒါပေမယ့် ငါနားလည်ပေးပါတယ်နော်…….
ကောင်မလေးရယ်
ညမရှိတဲ့ကမ္ဘာရောက်မှ
မင်းအချစ်ကိုရမယ်ဆိုရင်တောင်
ငါလေ
မျှော်လင့်ချက်များစွာနဲ့ ပျော်နေမိဦးမှာ
ထားလိုက်ပါတော့ကောင်မလေးရယ်
မင်းစိတ်ညစ်နေပါ့မယ်……
ကောင်မလေးရေ
အခု ငါလေ
မင်းစကားနားထောင်ပြီး
ကဗျာတွေပဲရေးနေတယ်နော်…………..
Comment #2
oh,,
with lots of love

Comment #3
တင်ပေးတာအရမ်းကျေးဇူးတင်ပါတယ်..စာသားကလည်းတော်တော်ကောင်းတယ်..

Comment #4
Miss so much…

Comment #5
how many times do i read & feel?

Comment #6
ကြိုက်တယ်ဆိုတာထက် တိုက်ဆိုင်တယ်လို့ ပြောရမယ် ။ နောက်နောင်လဲ အများကြီး တင်ပေးနိုင်ပါစေ။ အားပေးလျှက် သင်ယူလျှက်ပါ။

Comment #1
nice~~ 🙂