ပဟေဠိတဲပုတ်(စဉ်းစားကြမယ်၊ ထင်ရာတွေဖြေကြမယ်) အစီအစဉ် 03.. :P
တတိယမြောက် အစီအစဉ်ပါ…။ မေးခွန်းတွေက ခက်မယောင်ယောင်နဲ့ တစ်ကယ်တော့ လွယ်လွယ်လေးတွေပါ….။
အရိုးရှင်းဆုံးစဉ်းစားကြည့်ရင် အဖြေမှန်ကို ရရှိနိုင်ပါတယ်…။ 🙂
1. ညမှာ ယူဆောင်လာခြင်းခံမနေရပဲ ရောက်ရှိလာတယ်၊
နေ့ရောက်တော့ ခိုးယူခြင်းခံမနေရပဲ ပျောက်ဆုံးကုန်တယ်။ အဲဒါလာတွေလဲ ?
2. တစ်စုံတစ်ယောက်က အဲဒါကို ပြုလုပ်တယ်၊ရောင်းချတယ်။
တစ်စုံတစ်ယောက်က အဲဒါကိုဝယ်ယူတယ်၊ ဘယ်တော့မှ မသုံးဘူး။
တစ်စုံတစ်ယောက်က အဲဒါကို အသုံးပြုနေတယ်ဆိုတာကို လုံးဝမသိဘဲ အသုံးပြုတယ်။ အဲဒါဘာလဲ ?
3. အင်္ဂလိပ်စာလုံးမှာ စာလုံးနှစ်လုံးတူ သုံးတွဲအစဉ်လိုက်ပါတဲ့ စကားလုံးက ဘယ်စာလုံးလဲ ?
4. မင်းရလိုက်တဲ့ အချိန်တုံးက အနက်ရောင်၊
မင်းသုံးနေတော့ အနီရောင်၊
အကုန်သုံးပြစ်လိုက်ရင်တော့ အဖြူရောင် ဖြစ်သွားတယ်။ အဲဒါဘာလဲ ?
5. ငါ့အမေ၀မ်းထဲကနေ ဆွဲထုတ်ခြင်းခံလိုက်ရတယ်၊
လောင်စာတိုက်ပြီး ရိုက်နှက်ခြင်းခံရတယ်၊
ငါဟာသွေးစာနေတဲ့ သူသတ်သမားဖြစ်လာတယ်။ ငါဟာဘာလဲ?
Good luck 🙂
Comment #3
1 ကြယ်
Comment #6
(4) ရဲ့ အဖြေဟာ မီးသွေး လို့ ထင်ပါတယ် ၊၊ ၊၊
Comment #7
(5) ရဲ့  အဖြေ ဟာ ဓါး လို့ ထင်ပါတယ် ၊၊ ၊၊
Comment #10
၁။ အလင်းေ၇ာင်
၂။ ခေါင်း(လူသေထည့် တဲ့ ခေါင်း)
၃။ ?
၎။ ဆေးရွက်ကြီး
၅။ ?
Comment #1
အကောင့်လေးပေးပါလား sorrower.kl မေးခွန်းတွေကိုစိတ်ဝင်စားလို့ပါ