ပဟေဠိတဲပုတ်(စဉ်းစားကြမယ်၊ ထင်ရာတွေဖြေကြမယ်) အစီအစဉ် 04.. :P
ပဟေဠိတဲပုတ်အစီစဉ် လေးကြိမ်မြောက်ပါ…။ မေးခွန်းလေးတွေ မစခင် အစီအစဉ် နံပတ် တစ်ရဲ့ အဖြေတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဖြေဆိုပေးထားကြတဲ့ အဖြေတွေကိုလည်း Grade သတ်မှတ်ပေးသွားမှာပါ။ မေးခွန်း တစ်ခုကို မှန်အောင်ဖြေဆိုနိုင်ရင်
1star ပါမယ်၊ 2 ခုမှန်ရင် 2star ၊ 5 ခုစလုံးမှန်ရင်တော့ All star ပေါ့။ အရမ်းတော်သူပေါ့ 🙂 ။ မမှန်လဲ အနီးစပ်ဆုံးဖြေဆိုနိုင်သူတွေရဲ့ အဖြေတွေကိုလဲ ဖော်ပြပေးမှာ ဖြစ်ပါတယ်…။
1. ဖြိုး (1 star ) 2.Gipsy Lay (Grade 1 ) 3.Dan ( Grade 2 )
2.နောက်ဆုံးအခန်း 3.လွပ်လပ်မှု 3.ပြုစုဂရုစိုက်မှု
3.အချစ်မေတ္တာ 4.ပျော်ရွှင်မှု 4.အခွင့်အရေး
4.စိတ်ရှုတ်ထွေးခြင်း 5.ဗန်ဒါသီး
5.မီးသွေး
အဖြေမှန်တွေက
1. ဓာတ်ပုံရိုက်ခြင်းပါ။ ( မိန်းမက ဓာတ်ပုံဆရာမလေ၊ယောကျာင်္းကို ဓာတ်ပုံရိုက်ပေးပြီး ဆေးကူးလိုက်တာပါ )
2. တတိယအခန်းပါ။ (သုံးနှစ်လောက် အစာမစားရသေးတဲ့ ခြေင်္သေ့တွေက သေနေပြီးသားဖြစ်နေပါလိမ့်မယ် )
3. Kiss
4. သင့်ရဲ့လျို့ဝှက်ချက်
5. ကြက်ဥ
လွယ်ပါတယ်နော်…. 🙂
ကဲအခု အစီအစဉ် (4 )ရဲ့ မေးခွန်းတွေ စပါတော့မယ်။
1. မင်းကို သုံးယောက်ပါတဲ့ အဖွဲ့တစ်ဖွဲ့ပေးမယ်၊
တစ်ယောက်က ထိုင်နေတယ်၊ ဘယ်တော့မှ ထမှာမဟုတ်ဘူး၊
ဒုတယတစ်ယောက်က သူ့ကိုပေးသမျှ ထိုင်စားနေတယ်၊ ခုထိ အမြဲတမ်းကို စာနေတုံးပဲ၊
တတိယတစ်ယောက်က အဝေးကို ထွက်ပြေးသွားတယ်၊ ဘယ်တော့မှ ပြန်မလာတော့ဘူး။ သူတို့ ဘယ်သူတွေလဲ?
2. ငါဟာတိုင်းတာခြင်းခံနေရတောင်၊ ငါဟာအဝေးကိုပျံသန်းသွားတဲ့အခါ၊
မင်းဘယ်လို ငါ့ကို လွမ်းဆွတ်နေတယ်ဆိုတာကို ခုထိငါမသိသေးဘူး။ ငါဟာဘယ်လိုမျိုးလဲ ?
3. ထိန်းချုပ်မှုတွေ လွတ်သွားရင်တော့ ငါအဝေးကိုပျံသန်းသွားပါတယ်၊
သွားရမယ့်လမ်းကြောင်းလွဲသွားတဲ့ အခါမျိုးမှာတော့ ငါအဆဲမခံရတော့ဘူးပေါ့။ ငါဘာလဲ ?
4. ငါဟာ မနက်တိုင်း မင်းရဲ့ခြေတော်ရင်းမှာ ခစားဖို့ရောက်လာပါတယ်။
ကိစ္စမရှိပါဘူး မင်းဘယ်လောက်ပြေးပြေး မင်းနောက်ကနေ ထပ်ကြပ်မကွာ ငါလိုက်ပါနေမှာပါ။
မွန်းတဲ့ချိန်မှာတော့ ငါဟာ ဖျက်ဆီးခံရလုနီးနီးပဲ။ ငါဘယ်သူလဲ ?
5. ငါ့ဘ၀က နာရီတွေထဲမှာ တိုင်းတာခြင်းခံရနိုင်ပါတယ်။့ 
ဘ၀ကို ၀ါးမြိုခံရခြင်းဖြင့် ငါပေးဆပ်နေပါမယ်။
ပိန်နေရင် ငါဟာမြန်ပြီး ၀နေရင်တော့ ငါနှေးပါတယ်။ လေက ငါ့ရန်သူပဲ။ ငါဘာလဲ ?
Good Luck 🙂
Comment #11
1 နှာခေါင်း ၊ ပါးစပ် ၊ မျက်လုံး
2 အချိန်
3 စိတ်ကူး
4 အရိပ်
5 ဖယောင်းတိုင်
Comment #12
ကိုzeyawin အကုန်မှန်တယ်ပေါ့
Comment #15
1အဖြေကနမိတ်၃ပါးလို့ထင်ပါတယ်မတည်မြဲခြင်းဆင်းရဲခြင်းနဲ့သေ
ခြင်းလို့ယူစရပါတယ်
Comment #1
တစ်က….. ပါးစပ်ရယ်၊ သွားရယ်၊ လျှာရယ်
နှစ်က……. ၀ိဥာည်
သုံးက…… ငှက်
လေးက… အချိန်
ငါးက…… အပူ