ပဟေဠိတဲပုတ်(စဉ်းစားကြမယ်၊ ထင်ရာတွေဖြေကြမယ်) အစီအစဉ် 05.. :P
ပဟဠိတဲပုတ် 05 ရဲ့မေးခွန်းတွေကိုမစခင် 02 ရဲ့ အဖြေတွေကို အရင်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
1.yelinnhtet
1.ငတ်မွတ်ခြင်း
3.oxygen
4.wind
5.ကမ္ဘာကြီး
အဖြေမှန်တွေက
1. Nothing / နတ္ထိ / မရှိခြင်း
2. လူ ( မနက်ခင်းဆိုတာက ကလေးဘ၀ကိုဆိုလိုတာပါ၊ကလေးဘ၀မှာ လေးချောင်းထောက်စသွားပါတယ်။
နေ့လယ်ခင်းကတော့ အရွယ်ရောက်ချိန်ပေါ့၊ ညနေခင်းက အိုမင်းမစွမ်းဖြစ်လာတဲ့အချိန်ပါ၊
တုတ်ကောက်ကို အဖော်ပြုပြီး သွားလာရပါတယ်။ )
3. Tomorrow / မနက်ဖြန်
4. The letter *e*. End, timE, spacE, Every, placE
5. ဖရဲသီး
05 အစီအစဉ်အတွက် မေးခွန်းများကို စပါတော့မယ်။
1. တောက်ပနေတဲ့ ထိပ်ဖျားလေးတွေက အောက်ကို တည့်တည့် ထိုးစိုက်ဆင်းနေတယ်။
အရောင်တဖျက်ဖျက်လက်နေတဲ့ လှံတံ ထိပ်ဖျားလိုပဲ ဘယ်တော့မှ သံချေးမတက်ဘူး။ ?
2. အရင်က မင်းငါ့ကို ကြားခဲ့တယ်၊ အခုမင်းငါ့ကို ကြားပြန်ပြီ၊ ပြီးတော့ ငါသေဆုံးသွားတယ်
မင်းပြန်ခေါ်သည့်တိုင်။ ငါဘာလဲ ?
3. စွမ်းရည်သုံးမျိုး ငါ့မှာ ရှိတယ်။
အရေပြားပေါ်မှာ သက်တောင့်သက်သာနဲ့ ဖြတ်လျောက်သွားနိုင်မယ့် ညင်သာမှုမျိုးလုံလောက်စွာရှိတယ်။
ကောင်းကင်ကြီးကို ပွေ့ဖက်ထားနိုင်ဖို့ လုံလောက်တဲ့ ပေါ့ပါးခြင်းမျိုး ငါ့မှာရှိတယ်။
ကျောက်တုံးတွေကို ခွဲပစ်ဖို့အတွက် လုံလောက်တဲ့ မာကြောခြင်းမျိုး လဲရှိတယ်။ ငါဘာလဲ ?
4. ငါ့ရဲ့အသံမှာ ယောကျာင်္းတွေက စိတ်ကူးယဉ်ချင်ယဉ်မယ် ဒါမှမဟုတ်
ခြေဆောင့်ချင် ဆောင့်ကြလိမ့်မယ်။
ငါ့ရဲ့အသံမှာ မိန်းမတွေက ရီချင်ရီကြလိမ့်မယ်၊ ဒါမှမဟုတ် တစ်ခါတစ်ရံ
ငိုကြွေးခြင်းပြုချင်ပြုကြလိမ့်မယ်။ ငါဘာလဲ ?
5. ဘယ်သူပဲ ပြုလုပ်ပြုလုပ်၊ အဲဒါကို ပြောပြမှာ မဟုတ်ဘူး။
ဘယ်သူပဲ ယူယူ၊ အဲဒါကို သိမှာ မဟုတ်ဘူး။
ဘယ်သူပဲ သိသိ၊ အဲဒါကို လိုချင်မှာ မဟုတ်ဘူး။ အဲဒါဘာလဲ ?
Good Luck 🙂
Comment #2
1အဖြေက=ဘောပင်
2အဖြေက=တယ်လီဖုန်း
3အဖြေက=လေထု
4အဖြေက=ဂီတ
5အဖြေက=မကောင်းမှု့ 
Comment #4
ကို SORROWER ကအရမ်းတော်ပါတယ်……………ပိုတော်သွားအောင်မေးခွန်းလေးတစ်ခုကိုအနော်စဉ်းစားမရဘူးဖြစ်နေတယ်။
စဉ်းစားပေးပါလား…………………
(40 KG ရှိတဲ့ အလေးတစ်ခုဟာ..ကျကွဲသွားပါတယ်..ကွဲသွားတော့ မတူညီတဲ့ အပိုင်းလေးပိုင်းကွဲသွားပါတယ်…မကွဲခင်တုန်းက….40 KG ပဲချိန်လို့ ရတယ်…ကွဲပြီးတော့ 
1KG ကနေ 40 KG အထိချိန်လို့ ရသွားတယ်..ပေါင်းခြင်းနုတ်ခြင်းနဲ့ ပေါ့ …..စည်းကမ်းချက်က…လေးပိုင်းရှိတဲ့ အထဲက၊တစ်ခါချိန်ရင်တစ်ခုကို၊တစ်ခါစီပဲချိန်လို့ ရပါတယ်၊လေးခုလုံးသုံးလဲရတယ်၊မသုံးလဲရပါတယ်၊……………………အဲ့ ဒီ့ အပိုင်းလေးပိုင်းရဲ့ တန်ဘိုးတွေကိုရှာခိုင်းတာပါ……………………….။ကူညီပြီးစဉ်းစားပေးကြပါ…………….အနော်…ဥဏ်မမှီလို့ ပါ…………..။အားလုံးဝိုင်းပြီးစဉ်းစားပေးကြပါ……………….။
လေးစားစွာဖြင့် ……..ROMANSPECIALIST…………….။။။။။။။။။။။
Comment #1
WOW~~Question no 5 is so so difficult!but i try to answer that question and also i want to tell massage all member, Don’t think deeply.thinking physically ! all right!