အချစ်စစ်ပွဲ interview
မေး။ ။အချစ်နဲ့ စစ် နားမလည်းဘူးလား
သူရဲဘောကြောင်နေလို့…
မေး။ ။ပိုင်ဆိုင်မှုတဲ့၊ ရယူမှုတဲ့
နောက်ဆုတ်ဖို့ အစီအစဉ်ရှိပါသလား
ဖြေ။ ။ဟုတ်ကဲ့နောက်မဆုတ်ပါဘူး
မေး။ ။ဒါဆို…
ဖြေ။ ။သူအေးဆေးဆေး နဲ့ ငြိမ်းငြိမ်းချမ်းချမ်း
တိုက်ပွဲကြောင့် ဖယိုဖရဲနဲ့ ရင်ခွင်ထဲ ဝင်လာစေချင်တာမဟုတ်ဘူး
မေး။ ။ဆက်တက်ဖို့ ကရော….
ဖြေ။ ။
မေး။ ။အရှံးပေးရေးမစဉ်းစားနဲ ခြေတဖွားထပ်တိုး
ဖြေ။ ။ဟင့်အင်း သူ့ ပါးချိုင့်လေးက
ဟိုးတဲ့
တက်ရေးကိုပဲမကြည့်ချင်ဘူး
မေး။ ။ကြမ်းကြမ်းတမ်းတမ်းတိုက်ရမယ်လို့ ရော မျှော်လင့်ပါသလား
ဖြေ။ ။ဟင့်အင်း
သူ့အပြုံးပန်းလေ နွမ်းသွားမှာစိုးတယ်
မကြမ်းချင်ဘူး
မေး။ ။စိတ်ဓာတ်တွေ ညှစ်ထုတ် ပြင်ဆင်ထားရပါသလား
ဖြေ။ ။အချစ်က ညှစ်ယူရတဲ့ နွားနို့ မဟုတ်ဘူးလေ
ဟုတ်တယ် ညှစ်မယူချင်ဘူး
ဇကာနဲ့စစ်ယူရအောင်လဲ
ဇီဇာမကြောင်ပါဘူး
အလွမ်းပဲဖြစ်ဖြစ်
အနမ်းပဲဖြစ်ဖြစ်ပါ
မေး။ ။စစ်ဆိုတာ ရင်ဖွင့်တိုက်ရတယ်လို့ အဆိုပေါ်ဘယ်လိုမြင်ပါသလဲ
ဖြေ။ ။ရင်ဖွင့်တိုက်ပါတယ်။ အလွမ်းတွေလည်း လာမှန်ပါတယ်။
မေး။ ။လက်ရှိအခြေအနေလေး သိပါရစေ…
ဖြေ။ ။တလိပ်လုံးကုန်သွားပြီ
ဆက်သောက်မှာပဲလေ
မီးညှိပြီးကတည်းက
မနှမြောတော့ပါဘူး
ရယူခြင်းတပ်ခွဲက မျှော်လင့်ခြင်းတွေကတော့ မာန်မကျပါဘူး
ရရှိလာမဲ့ အောင်ပွဲအဖြေ ကို လည်း
ချစ်တတ်တဲ့ ရင်ခွင်က ရဲရဲဝံ့ဝံ့ ယူရဲပါတယ်
အချစ်ရေးပါပဲ
ပတ်ဝန်းကျင်ခေါ် လေတိုက်တဲ့
မိုးလေဝသကိုလည်းစောင့်ကြည့်နေရတယ်
ကဗျာတွေလည်း ပေးပါတယ်
ဘက်စုံကနေလည်း ဂရုတစိုက် အရိပ်အခြေကြည့်ပါတယ်
ရေးဖတ်ရပါတယ်
ဆည်းဆာမှာ ကြွေကျတဲ့ မှဲ့တလုံးကို မြင်တော့
ပလီပလာ စကားလုံးတွေက ဈေးပေါတယ် ဗျ
နှလုံးသားက မြစ်ဖျားခံတဲ့
ခံစားချက်တွေက ရှာရခက်လို့ 
သူ့ကိုအမြတ်တနိုးသိမ်းထားစေချင်တာ
Comment #1
Very good Ko Zin…………………:)