ငါသိခဲ့တဲ့ နင့်အကြောင်း
နင်ရိုးသားတာမဟုတ်ဘူး
ကိုယ်ချင်းမစာဘဲ
အမုန်အတိုင်းတွေပဲ နင်ပြောခဲ့တာ……။
လှည့်စားတာ မဟုတ်ဘူး
နင့်အနားမှာ နေချင်ဖူးတဲ့ ဘ၀တစ်ခုကို
နင် မစွန့်လွတ်ရက်တာ…..။
အိပ်မက်ဆိုးတွေလည်း နင်မပေးပါဘူး
လက်တွေ့ငိုကြွေးနေရခြင်းတွေကိုပဲ
နင် မျက်ကွယ်ပြုထားခဲ့တာ……။
နင်ကံကောင်းတာမဟုတ်ဘူး
နင်မှနင် ရည်ရွယ်နေတဲ့ ငါ့ပျော်ရွှင်မှုကို
ငါကိုယ်တိုင် အဆုံးမသတ်ချင်သေးတာ……။
နင်အလေးမထားတက်တာမဟုတ်ဘူး
နင့်စိတ်ထဲမှာ ငါမရှိလို့
ငါ့အတွက် ဘာမှ မဖန်တီးပေးခဲ့တာ….။
ဒါတွေက
နင့်ကို စွပ်စွဲနေတာလည်း မဟုတ်ဘူး
နင်နဲ့ပတ်သတ်ရင် နားလည်ပေးရလွန်းလို့
အသိအမှတ်ပြုမှုတွေ ငါ ကဗျာစပ်ခဲ့တာပါ…..။
Comment #2
နင်ရိုးသားတာမဟုတ်ဘူး
ကိုယ်ချင်းမစာဘဲ
အမုန်အတိုင်းတွေပဲ နင်ပြောခဲ့တာ……။
အ၇မ်းကောင်းပါတယ် မကေ အားပေးသွားပါတယ်
Comment #5
“နင်အလေးမထားတက်တာမဟုတ်ဘူး
နင့်စိတ်ထဲမှာ ငါမရှိလို့
ငါ့အတွက် ဘာမှ မဖန်တီးပေးခဲ့တာ….။
ဒါတွေက
နင့်ကို စွပ်စွဲနေတာလည်း မဟုတ်ဘူး
နင်နဲ့ပတ်သတ်ရင် နားလည်ပေးရလွန်းလို့
အသိအမှတ်ပြုမှုတွေ ငါ ကဗျာစပ်ခဲ့တာပါ…..။ ”
I like these two most .. may I copy, ama K ?
Comment #7
copy လုပ်လို့ရပါတယ် မြတ်နိးရေ
ဒီ ကဗျာလေးကို အားပေးတဲ့ သူငယ်ချင်းတွေအားလုံးကို ကျေးဇူးပါနော်
Comment #8
နင်ကံကောင်းတာမဟုတ်ဘူး
နင်မှနင် ရည်ရွယ်နေတဲ့ ငါ့ပျော်ရွှင်မှုကို
ငါကိုယ်တိုင် အဆုံးမသတ်ချင်သေးတာ……။
Comment #10
“နင်အလေးမထားတက်တာမဟုတ်ဘူး
နင့်စိတ်ထဲမှာ ငါမရှိလို့
ငါ့အတွက် ဘာမှ မဖန်တီးပေးခဲ့တာ….။
ဒါတွေက
နင့်ကို စွပ်စွဲနေတာလည်း မဟုတ်ဘူး
နင်နဲ့ပတ်သတ်ရင် နားလည်ပေးရလွန်းလို့
အသိအမှတ်ပြုမှုတွေ ငါ ကဗျာစပ်ခဲ့တာပါ…..။ ”
Comment #11
ကျွန်တော်နဲ့ခံစားချက်ခြင်းတူတယ်
အရမ်းလဲမိုက်တယ်
နောက်လဲအဲ့လိုအလန်းတွေတင်ပေးပါဦး။….
ကျေးဇူးတင်ပါတယ်………..ဇင်ငြိမ်းထက်
Comment #12
နင်ကံကောင်းတာမဟုတ်ဘူး
နင်မှနင် ရည်ရွယ်နေတဲ့ ငါ့ပျော်ရွှင်မှုကို
ငါကိုယ်တိုင် အဆုံးမသတ်ချင်သေးတာ……။
နင်အလေးမထားတက်တာမဟုတ်ဘူး
နင့်စိတ်ထဲမှာ ငါမရှိလို့
ငါ့အတွက် ဘာမှ မဖန်တီးပေးခဲ့တာ….။
Comment #1
………
ဘာပြောရမှန်းတောင်မသိတော့ဘူးကေရေ……….
……………………………..
ဒီကဗျာလေးနောက်ကွယ်က…ပုံပြင်လေးအတွက်..ကိုရ်တကယ်ကြေကွဲရပါတယ်…….
တထပ်တည်းကျလို့