ကမ္ဘာကြီး
ကမ္ဘာကြီးဟာ
အမှန်တကယ်လုံးဝန်းပြီး
မိမိဝန်ရိုးစွန်းပေါ်မှာ
၂၃ နှစ်ပိုင်း ၁ ပိုင်းဒီဂရီ
တိမ်းစောင်းကာ
၂၄နာရီကိုတစ်ပတ်
လည်နေရိုးမှန်ခဲ့ရင်
ကျောခိုင်းသွားခဲ့ကြတဲ့
ချစ်သူနှစ်ဦးတို့ဟာ
တစ်နေ့နေ့တစ်ချိန်ချိန်မှာ
မျက်နှာချင်းဆိုင်ပြီး
ပြန်ဆုံတွေ့ကြရဦးမှာပါ…
( မှတ်ချက်။ ဖတ်ခဲ့ဖူးသော ၀တ္ထုတစ်ပုဒ်၏ စာသားတစ်ခုကို မွန်းမံခြင်းသာဖြစ်သည် )
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service